မောင်ချိုဝေ ရေးသားသည့် ဇာတိစိတ်၏ခေါ်ဆောင်ရာ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ဇာတိစိတ်၏ခေါ်ဆောင်ရာ စာအုပ်တွင် မြန်မာမူဟန်ပန်၊ ဇာတိကို တန်ဖိုးထားစိတ်နှင့် အမျိုးကို ချစ်မြတ်နိုးစိတ်တို့ကို လူငယ်မျိုးဆက်သစ်တို့အား လက်ကမ်းအမွေပေးသည့် ဆောင်းပါး ၂၅ ပုဒ်ကို စုစည်းတင်ပြထားပါသည်။ ကင်းဝန်မင်းကြီးမှအစ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ မြို့မငြိမ်း၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့၏ သမိုင်းဝင် ဆောင်ရွက်မှုများ၊ ဂန္ထဝင်ဖြစ်လောက် သည့် အတွေးနက် အနုပညာလက်ရာများကို သုံးသပ် လေ့လာ တင်ပြထားမှုများမှာ စာဖတ်သူကို ဇာတိစိတ်တဖွားဖွား လှုံ့ဆော်ပေါက်ဖွားစေသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။