စာပေဗိမာန်ကို ၁၉၅၅ ခုနှစ် မေလတွင် ၅၂၉-၅၃၁ ကုန်သည်လမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၅၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ် ခဲ့သည်။ စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀း၀၀ နာရီမှ ညနေ ၀၆း၀၀ နာရီအထိနှင့် စနေနေ့တွင် နေ့လယ် ၁၂း၀၀ နာရီမှ ညနေ ၀၆း၀၀ နာရီ အထိ ဖွင့်လှစ် ပေးခဲ့သည်။ စာပေဗိမာန် စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်သည်။ သာမာန်အသင်းသားအဖြစ် အသင်း ဝင်ကြေး ၂၀၀၀၊ နှစ်စဉ်ကြေး ၁၅၀၀ ပေးသွင်းပြီး စာဖတ်ခွင့်၊ မိတ္တူကူးခွင့် ရှိသည်။ အထူးအသင်းသားအဖြစ် အသင်းဝင်ကြေး ၅၀၀၀၊ နှစ်စဉ်ကြေး ၃၀၀၀ ပေးသွင်းပြီး စာဖတ်ခွင့်၊ မိတ္တူကူးခွင့်အပြင် စာအုပ်နှစ်အုပ် တစ်အုပ်လျှင် ၁၀ ရက် အခမဲ့ငှားခွင့်ရှိသည်။ ပြည်သူ့စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သောနေ့စဉ် ထုတ်သတင်းစာများမှာ
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူပြည်သူများစိတ် အေးချမ်းစွာ စာပေဖတ်ရှု့လေ့လာနိုင်ရန်"ပညာရှာသူ တို့ဝိုင်းကူ" ဟူသောဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းများက စာအုပ်စာတမ်းများဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စာကြည့်တိုက်တွင်အထူးအသင်းဝင်၊ သာမန်အသင်းဝင်၊ ကလေးအသင်းဝင်များကိုစာအုပ်များငှားရမ်းပေးခြင်းဖြင့်ဝန်ဆောက်မှုပေးလျက်ရှိသည်။ စာဖတ်သူများအပြင် သုတေသနပြုစုသူ၊ စာတမ်းပြုစုသူများကိုလည်း ရည်းညွှန်းကိုးကားရန် အတွက် စာအုပ်စာတမ်းများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ စာကြည့်တိုက်သို့လက်တွေ့ကွင်းဆင်း လေ့လာသူများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ယခုအခါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာနက ကြီးမှူးဖွင့်လှစ်သည့် စာကြည့်တိုက်နှင့် သုတပညာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၉) မှ သင်တန်းသူနှစ်ဦးသည် ကွင်းဆင်းလေ့လာလျက်ရှိရာ စာကြည့်တိုက်ဝန်ထမ်းများက လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။