ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီနှင့် မိုးရာသီစာအုပ် ဈေးရောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီတို့မှ ကော်မတီဝင်များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ ဧည့်ခန်းမ၌ တွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် နိုင်ငံရေး စာပေ စာတမ်း ဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်း ပွဲတော် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ဆွေးနွေးသည်။
အမျိူးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ဦးနုနှင့် စာပေပညာရှင်များ ဦးဆောင်၍ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး Burma Translation Society ကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်၊ မေလတွင် အသင်းကြီးကို ပြည်လမ်းရှိ အမှတ် (၃၆၁) ဆိုရန်တိုဗီလာအဆောက်အအုံသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံကို စာပေဗိမာန် Palace of Literature ဟု မြန်မာဆန်ဆန် ကျက်သရေရှိစွာ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဦးစီးထုတ်ဝေသည့် မြန်မာဂန္ထဝင်အတွဲ (၁၊၂၊၃) ထုတ်ဝေခြင်း မိတ်ဆက် အခမ်းအနားကို ၃-၁၂-၂၀၁၈ (တနင်္လာနေ့) တွင် Sule Shangri-La ၌ ကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း၊
၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူဉီးအုံးဖေ စာပေဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန၊ စာပေဗိမာန်က ကြီးမှူး၍ မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေးအမြင်စာတမ်းဖတ်ပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု၊ ပခုက္ကူ စာပေတစ်သက်တာ စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုနှင့် ပညာရည်ချွန်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၇-၉-၂၀၁၉ နံနက် (၉:၀၀)နာရီတွင် သိမ်ဖြူလမ်းရှိ ရန်ကုန်မြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန စုပေါင်းခန်းမ ကျင်းပရာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကျင်းပသည့် မြန်မာမှု၊ မြန်မာဓလေ့၊ မြန်မာ့အတွေးအမြင် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနား (ပထမနေ့)ကို (၂၈-၉-၂၀၁၉)ရက် နံနက် (၉:၀၀) နာရီက သိမ်ဖြူလမ်းရှိ
အခမ်းအနားသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦ:ကိုကိုနိုင်၊ စာတမ်းရှင်များ၊ သဘာပတိအဖွဲ့ဝင်များ၊ စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ဖိတ်ကြားထားသူများ၊ စာပေမြတ်နိုးသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
မိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၅-၁၀-၂၀၁၉ ရက် နံနက် ၉ : ၀၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပသည်။