Dr.Saw Mra Aung ရေးသားသည့် A GLIMPSE INTO PART OF ANCIENT MYANMAR HISTORY AND FUNDAMENTAL BUDDHIST CONCEPTS စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် အင်္ဂလိပ်စာမူ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
A GLIMPSE INTO PART OF ANCIENT MYANMAR HISTORY AND FUNDAMENTAL BUDDHIST CONCEPTS စာအုပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်း ဆိုင်ရာတို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားထားသည့် စာအုပ်စာတမ်း များစွာရှိခဲ့ပါသည်။ သို့ရာတွင် ခေတ်သစ်သမိုင်းတွင်မူ ခိုင်မာသော ကျမ်းတစ်စောင် ပေတစ်ဖွဲ့ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုမှုများ ရှားပါးပါသည်။ အထူးသဖြင့် မြန်မာမှုကို ကမ္ဘာက သတိပြုရအောင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ကျမ်းအဆူဆူမှာ ပို၍ပင် ရှားပါးလာသည်။ စာရေးသူသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် ရခိုင်သမိုင်းကို အခြေပြု၍ ဗုဒ္ဓဘာသာဝင် တို့၏ ခံယူချက်အမြင်ကို မြန်မာနိုင်ငံ တစ်ဝန်း ဒေသအသီးသီးကို လေ့လာပြီး သုတေသနရှုထောင့်မှ တင်ပြထားသည်။ ရခိုင်သမိုင်းကို ဖော်ပြသည်သာမက သု၀ဏ္ဏဘူမိကိုလည်း သက်သေထူ သည်။ ရွှေတိဂုံဘုရားသမိုင်းအကျဉ်းကိုလည်း လေ့လာတင်ပြသည်။ ရှင်မဟာဗုဒ္ဓဃောသ၊ အရှင်ဓမ္မ ဝိလာသ စသည်အကျော်ဒေးယျတို့၏ ဘ၀ပုံရိပ်ကိုလ လည်းကောင်း၊ ဓမ္မသတ်ကျမ်းအမြင်တို့ကိုလည်းကောင်း သိုင်းဝိုင်းတင်ပြသည်။ ယင်းသို့ တင်ပြရာတွင် ရှေးဟောင်းသုတေသန တူးဖော်မှု အပိုင်းမှအစ လိုအပ်သလိုအထောက်အထားများ ဖြည့်စွက်ပေးသဖြင့် ကျမ်းကောင်းတစ်အုပ်ဟု ဆိုရပါမည်။ အထောက်အထားခိုင်လုံရုံမက အခန်းလိုက် ရည်ညွှန်း ကိုးကားချက်များကို ဖော်ပြထား၍လည်း တင်ပြချက်များကို ခိုင်မာစေသည် သမိုင်းကြောင်းဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓယဉ်ကျေးမှုကို ကမ္ဘာ့စာဖတ်ပရိသတ်များထံသို့ အရောက်ပို့ပေးနိုင်ပါသည်။ ဘာသာရပ်ဆိုင်ရာ ေဝါဟာရမှတစ်ပါး ရှင်းလင်းသော အင်္ဂလိပ်အရေးအသားဖြစ်ပါသည်။ သာမန်စာဖတ်သူသာမက သုတေသီတို့အတွက် များစွာအထောက်အကူပြုသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။