ဇင်မင်း (သမိန်ထော) ရေးသားသည့် တောဟေဝန်လယ် တောင်စွယ်ဝေယန်ဦး စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
တောဟေဝန်လယ် တောင်စွယ်ဝေယန်ဦး စာအုပ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုကျော်က ငါန်းဇွန်မြို့နယ် ကျေးလက်တောရွာတစ်ရွာကျောင်းဖွင့်ပွဲကို အကြောင်းပြု၍ ပြဇာတ်ပုံစံဖြင့် ခံစားရေးဖွဲ့ခြင်းဖြစ်သည်။ ပြဇာတ်ကို အခန်းစဉ် ၁၃ ခန်းဖြင့် ဖွဲ့စည်းထားသည်။ ဇာတ်ကောင် ၂၂ ဦးပါဝင်ပြီး ယင်းဇာတ်ကောင်များကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်အောင် ရေးဖွဲ့ထားသည်။
ဇာတ်လမ်း၏ဦးတည်ချက်မှာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါသည့် သစ်တောသစ်ပင်များကို ချစ်ခင်စိတ်ပေါ်ပေါက်လာစေရန် အလေးပြုသရုပ်ဖော်ထားခြင်းဖြစ်သည်။
ကျေးလက်စရိုက် သဘာ၀ဓလေ့များနှင့် ခေတ်၏ လိုအပ်ချက်ကို ပေါ်လွင်အောင် ပုံဖော်ထားသဖြင့် ခေတ်ကာလအခြေအနေ၊ ဒေသနေရာ အခြေအနေ ညီညွတ်မျှတသည့် ပြဇာတ်ကောင်းဖြစ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။