• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
ဒီပံလင်း (ဘာသာပြန်) ရေးသားသည့် မြစ်နဒီတို့ခန်းခြောက်လေသောအခါ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာအုပ်အမည် - ဒီပံလင်း (ဘာသာပြန်) ရေးသားသည့် မြစ်နဒီတို့ခန်းခြောက်လေသောအခါ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာရေးဆရာအမည် - ဒီပံလင်း

တန်ဖိုး - ၁၅၀၀ကျပ်

စာညွှန်း -

ဒီပံလင်း (ဘာသာပြန်) ရေးသားသည့် မြစ်နဒီတို့ခန်းခြောက်လေသောအခါ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဘာသာပြန်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

မြစ်နဒီတို့ခန်းခြောက်လေသောအခါ စာအုပ်တွင် 'ရေ' သည် လူတို့၏ နေ့စဉ်ဘ၀ကို စိုးမိုးထား သည်။ ရေ၏တန်ဖိုးကို သိသည့်တိုင်အောင် အလေးထားမှု ကင်းမဲ့နေသည့် ကမ္ဘာသူ ကမ္ဘာသား တို့ကို 'ရေ' က စိန်ခေါ်နေသည်။ စင်စစ်ရေကြောင့် ဆင်နွှဲလာရသော စစ်ပွဲများကို ရာစုသစ်၏ နှစ်များတွင် ကြုံတွေ့လာကြရသည်။ ရေသည် ကောင်းကျိုးပေးသော်လည်း ရေကို အကြောင်းပြု သည့် ပြဿနာများကိုပါ ကြုံလာကြရသည်။ ယင်းပြဿနာများကို သုတေသနပြုတင်ပြထားသည့် Fred pearce ရေးသားပြုစုသော ''When the Rivers Run Dry" စာအုပ်မှ အခန်း (၆) ခန်းကို ဘာသာပြန်ရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ ဤစာမူတွင် လူတို့ အသက်ရှင်သန်ရေးအတွက် သုံးစွဲရသည့် အံ့ဩဖွယ် ရေပမာဏ၊ မိမိတို့ စားသုံးနေသည့် အစားအစာ၊ အသီးအနှံ၊ အသုံးအဆောင်ပစ္စည်းတို့အတွက် နောက်ကွယ်မှ သုံးစွဲလိုက်ရသည့် ရေပမာဏ စသည်တို့ကို ကိန်းဂဏန်းများ၊ ဖြစ်စဉ်များဖြင့် ထောက်ပြထားသည်။ မြစ်ချောင်း၊ အင်းအိုင်တို့မှ ရေကို လူတို့မည်မျှကြာအောင် သုံးစွဲနိုင်မည်နည်း။ သစ်တောပြုန်းတီးလာ၍ မိုးရွာသွန်းမှုပုံစံ ပြောင်းလာသည်။ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုသည် သစ်တောများကို အလွန်အကျွံခုတ်လှဲခြင်းကြောင့်လည်း တင်ပြထားသည်။ အရှေ့အလယ်ပိုင်းဒေသမှ ပထမဆုံး ဖြစ်ပွားခဲ့သည့် ရေစစ်ပွဲကြီးအကြောင်းလည်း ပါရှိသည်။ မူလစာရေးဆရာသည် ၂၁ ရာစုအတွက် ရေပြဿနာကို မီးမောင်းထိုးပြရာတွင် ပညာရပ်ဆန်ဆန် တင်ပြခြင်းမဟုတ်ဘဲ တိုရှင်းသော ဝါကျများဖြင့် လိုရင်းကိုထိမိအောင် ရေးသားထားသည်။ ဘာသာပြန်သူကလည်း မူရင်းအာဘော်ကို တတ်နိုင်သမျှ ငုံမိအောင် ပြန်ဆိုထားကြောင်း တွေ့ရှိရသည်။ ပြန်ဆိုရေးသားမှု ရှင်းလင်းပြေပြစ်သည်။ အခန်းတိုင်းတွင် လိုအပ်သလို အသံဖလှယ်ခြင်း၊ ဝေါဟာရရှင်းလင်းခြင်း တို့ကို အောက်ခြေမှတ်စုနှင့်တကွ စည်းစနစ်ကျနစွာ ပြန်ဆိုနိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

 အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • ရွှေသွေး
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • စာအုပ်များ
  • စာပေဗိမာန်
  • ပုံနှိပ်ရေး
books
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman