နန္ဒာမိုးကြယ် ရေးသားသည့် မင်္ဂလာရှိသောနေ့ ကလေးကဗျာများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ကလေးစာပေ ဒုတိယဆုရစာမူ ဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
မင်္ဂလာရှိသောနေ့ ကလေးကဗျာများ စာအုပ်တွင် ကလေးကဗျာ ၁၀၂ ပုဒ်ပါရှိသည်။ ကလေးများ ဗဟုသုတရစိမ့်သောငှာ ရေးဖွဲ့သည့် ကဗျာများ၊ ကလေးတို့ ပျော်ရွှင်ဖွယ်၊ နှစ်သက်ဖွယ် ရေးဖွဲ့ထားသော ကဗျာများ၊ ဘာသာရေးအသိ၊ ပညာရေးအသိ၊ ကျန်းမာရေးအသိအမြင် ရရှိစေမည့် ကဗျာများ၊ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ရိုးရာချစ်မြတ်နိုးစိတ်များ ပြန့်ပွားအောင် လှုံ့ဆော်ရေးဖွဲ့သည့် ကဗျာများ၊ ကလေးတို့ပတ်ဝန်းကျင်မှ ကလေးတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သတိပြုမိစေရန် အသိပေးဖွဲ့ဆိုသော ကဗျာများပါရှိသည်။ ထိသို့ရေးဖွဲ့ရာ တွင် ကလေးတို့ ရွတ်ရ ဆိုရလွယ်သော အသံ၊ ကာရန်တို့ဖြင့် ကလေးတို့ သိနားလည်လွယ်သော ဝေါဟာရတို့ကို သုံးနှုန်း၍ စပ်ထုံး၊ စပ်နည်း မှန်ကန်စွာ သီကုံးထားသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၁၀ဝ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။