သွဲ့ထားညို (သက္ကလ) ရေးသားသည့် အလင်းစေတမန် စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ၀တ္ထုရှည် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
အလင်းစေတမန် စာအုပ်တွင် စိတ်စေတနာ ဖြူစင်ကောင်းမွန်သော၊ ဆရာဝန်နှင့် ကျောင်းဆရာ တို့၏ ဘ၀ကို ယှဉ်လျက်ရေးသားသွားသည်။ နယ်မြို့လေးများတွင် ဆရာဝန်၊ ကျောင်းဆရာတို့ သည် ဆေးကုရုံမျှ၊ စာသင်ရုံမျှမကဘဲ မြို့နယ်လူထု၏ လူမှုရေး အခက်အခဲများကိုပါ ရင်ဆိုင်ရပြီး တတ်အားသမျှ ဖြေရင်းရသည်များကို ရသမြောက်အောင် ရေးဖွဲ့ထားသည်။ ရည်ရွယ်ချက် ကောင်းမွန်ခြင်း၊ မြို့နယ်လူတန်းစားများ၏ ဘ၀သရုပ်ကို ပီပြင်အောင် ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀ဝ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။