ရဲဘော်မြသိန်း (ဟိုပုန်း) ရေးသားသည့် ကျူရှင် နှင့် အခြားကလေး၀တ္ထုတိုများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကလေးစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ကျူရှင် နှင့် အခြားကလေး၀တ္ထုတိုများ စာအုပ်တွင် ကလေးတို့ ကျင်လည်ရာ စာသင်ကျောင်းနှင့် ကျေးရွာရပ်ကွက် ပတ်ဝန်းကျင်၌ သူတို့တွေ့ကြုံဖြစ်ပျက်ခဲ့ရသော အကြောင်းအရာများထဲမှ ဗဟုသုတဖြစ်ဖွယ်၊ လိုက်နာကျင့်ကြံ ခံယူမှတ်သားဖွယ်၊ အတုယူဖွယ်ကိစ္စများကို ဇာတ်လမ်းရေးဖွဲ့ ရေးသားထားသည့် ၀တ္ထု ၁၅ ပုဒ် ပါရှိပါသည်။ ထို၀တ္ထုများတွင် လူကြီးသူမတို့၏ သွန်သင်ဆုံးမမှု ကို အလေးထားလက်ခံနာယူရန်၊ ကြံ့ခိုင်သော စိတ်ဓာတ်မွေး၍ ကြိုးပမ်းမှုကို မလျှော့ရန်၊ သူတစ်ပါး၏ အားနည်းချို့ယွင်းချက်ကို မလှောင်ပြောင်ရန်၊ မိမိတွင် ချို့ယွင်းအားနည်းချက်ရှိပါက လည်း ပြုပြင်နိုင်အောင် ကြိုးစားရန်၊ ငယ်စဉ်ကျောင်းသားဘ၀ကတည်းက သတ်ပုံသတ်ညွှန်းကို ဂရုပြုရေးသားရန်၊ မိမိဉာဏ်ရည်နှင့် လိုက်ဖက်အောင် ကျက်မှတ်ဖတ်ရှုရန် အသိပညာ ပေးထားသည်။ ထို့အတူ သူတစ်ပါးအတွက် ကိုယ်ကျိုးစွန့်၍ ကူညီခြင်းသည် မွန်မြတ်သော လုပ်ရပ်ဖြစ်ကြောင်း၊ မိမိ၏ အမှားကို ဝန်ခံရဲခြင်းသည် လူတော် လူကောင်းတို့၏ အမူအကျင့် ဖြစ်ကြောင်း၊ နမော်နမဲ့ပြုမူတတ်ခြင်းသည် အကျိုးမရှိ ပျက်စီးတတ်ကြောင်း ညွှန်ပြထားသည်။ အရေးအသားပြေပြစ်ကောင်းမွန်သည်။ ဇာတ်လမ်းဖွဲ့တင်ပြထားပုံ စိတ်ဝင်စားဖွယ် ရှိသည်။ စကားလုံးအသုံးအနှုန်း လွယ်ကူ၍ ကလေးတို့ နှစ်သက် နားလည်လွယ်နိုင်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။