• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
“အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာအုပ်အမည် - “အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာရေးဆရာအမည် - အောင်ကြည်ညွန့် (တက္ကသိုလ်)

တန်ဖိုး - ၂၅၀၀ကျပ်

စာညွှန်း -
“အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေ၊ ပထမဆုရရှိသည့် စာရေးသူ အောင်ကြည်ညွန့် (တက္ကသိုလ်) ၏ “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပညာရေးသမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ်၊ (၁၉၄၈-၂ဝဝ၂) ကျော် ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြထားသည်။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများသည် ကျေးရွာရှိ ကလေးသူငယ်များကို အခမဲ့ စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီးများအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈) ခုနှစ်အထိ လူထုပညာရေးစီမံကိန်း အပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေး စီမံကိန်းကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ် ဖော်ပြထားသည်။ ယူနက်စကိုမှ ချီးမြှင့်သော မိုဟာမက်ရေဇာပါလာဗီဆုနှင့် နိုမာဆုများရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်းကျော် စာတတ်မြောက် သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ဒေသခံ ဆရာ၊ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက်များခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင် ဖော်ပြထားသည်။

စာရေးသူကိုယ်တိုင် အသုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပ ပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသန အရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ ကိုယ်တွေ့ နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင်သုတေသနကျမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေးလောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊     ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင်ဆေးမှူးဘဝ မှတ်တမ်းစုံ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ရွှေသွေး
  • စာကြည့်တိုက်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • ပြိုင်ပွဲများ
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • စာအုပ်များ
books
  • ၁၃ - ၆ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၄) ထွက်ရှိ

    12-Jun-2026
  • ၆- ၆- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၃) e-book ထွက်ရှိ

    08-Jun-2026
  • ၃၀- ၅- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၂) e-book ထွက်ရှိ

    08-Jun-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman