• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာအုပ်အမည် - စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

စာရေးဆရာအမည် - ကိုကေအီး(နိဗ္ဗာန်)

တန်ဖိုး - ၄၅၀၀ကျပ်

စာညွှန်း -
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ ပထမဆုရရှိသည့် စာရေးသူ ကိုကေအီး (နိဗ္ဗာန်) ၏ “တွန်းအား” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဆောင်းပါး ၁၈ ပုဒ် ပါဝင်သည်။ စာရေးသူက ၎င်းရေးသားထားသော အကြောင်းခြင်းရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းများမဟုတ်ဘဲ ၎င်းကိုယ်တိုင်ဖြတ်သန်းလာခဲ့ရ သော ဘဝအစိတ်အပိုင်းများဖြစ်ကြောင်း၊ ဘဝအခက်အခဲ စိန်ခေါ်မှုများကို ကြိုးစားဖြတ်သန်း ကျော်လွှားခဲ့ရာတွင် ရည်မှန်းချက်အောင်မြင်အောင် တွန်းအားပေးလှုံ့ဆော်ခဲ့သည့် အတွေ့အကြုံ များကို မျိုးဆက်သစ်လူငယ်များ အားကျနည်းယူပြုမူလှုပ်ရှား ကြိုးစားသမှုပြုကြစေရေးအတွက် စာပေခွန်အား တစ်နည်းအားဖြင့် ဘဝတိုးတက်ရေးတွန်းအားအဖြစ် မျှဝေပေးခြင်းဖြစ်ကြောင်း သူ၏ ရည်ရွယ်ချက်ကို ရှင်းပြထားသည်။

စာရေးသူ၏ ရည်ရွယ်ချက်နှင့်အညီ “တွန်းအား (၁)” တွင် ရှေးလူကြီးသူမ များက ‘နေတစ်တိုင် သွားတစ်တိုင်’ ဟု ဆိုရိုးစကားရှိခဲ့ရာ နားနေသူက တစ်ခဏ ထိုင်နားနေစဉ်မှာ မနားဘဲသွားနေသူက တစ်တိုင် (နှစ်မိုင်) ခရီးကို ရောက်သွားသည့် သဘောပင်ဖြစ်သည်။ ကျောင်းသားချင်းအတူတူ ပုံမှန်စာကျက်သူနှင့် မကျက်သူ ကွာခြားသွားလေ့ရှိသည်။ ဝီရိယရှိသူနှင့် မရှိသူ ကွာခြားသွားလေ့ရှိသည်။ ထို့ကြောင့် ‘မင်းနားနေတဲ့အချိန်မှာ အားလုံးက သွားနေကြတယ်’ ဟူသော ဆောင်ပုဒ်ကို ဘဝတစ်လျှောက်လုံး တွန်းအားအဖြစ် ကျင့်သုံးခဲ့ကြောင်း ထိမိစွာ ဖော်ပြထားသည်။ ‘တစ်မူးတစ်ပဲ အသုံးရဲ၊ မွဲဆေးဖော်သူ နာလန်မထူ’ ဟူသောဆိုစကားနှင့်အညီ အသုံးနှင့် အဖြုန်းကို ငယ်စဉ်ကတည်းက ခွဲခြားနားလည်နေကြစေရေး၊ လောကတွင် အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်ဟူ၍ ဒွန်တွဲနေလေရာ အကောင်းသည် သွားနေခြင်းဖြစ်ပြီး အဆိုးသည် ရပ်နေခြင်းဖြစ်ကြောင်း၊ ကောင်းကွက်များကို ရှာဖွေ အတုယူကြရင်း ဆိုးကွက်များကို ကြိုတင်သိမြင် ရှောင်ကြဉ်ကြစေလိုကြောင်း၊ မျှော်လင့်ချက်ဖြင့် ကူညီခြင်းသည် လောဘစိတ်၊ ကူညီပြီး၍ ကိုယ်မျှော်လင့်သလို မတုံ့ပြန်လျှင် ဒေါသစိတ်၊ နှစ်ခုစလုံးသည် အပူမီးကိုသာ ပွားများစေ သောကြောင့် မျှော်လင့်ချက်မထားဘဲ ကူညီကြစေလိုကြောင်း၊ ခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်း ချက်ရှိသူသည် မရပ်မနားသွားနေပါက ရည်မှန်းချက်ပေါက်မြောက်အောင်မြင်မည်ဖြစ်ကြောင်း စာရေးသူ၏ ဘဝကိုယ်တွေ့ဖြစ်ရပ်များနှင့် လူငယ်များကို စေတနာဖြင့် တွန်းအားပေးထားရာ ခေတ်သစ်လူငယ်တက်ကျမ်းအဖြစ် မှတ်ယူနိုင်မည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး  (၄၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊  ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • အခမ်းအနားများ
  • ပုံနှိပ်ရေး
  • စာမူများ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာပေရေချမ်းစင်
  • စာအုပ်များ
books
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    04-Sep-2026
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    04-Sep-2026
  • ၅ - ၉ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၆) ထွက်ရှိ

    04-Sep-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman