ရွှေညောင်မြေ မောင်စန်းမြင့် ရေးသားသည့် မဲဇာမြိုင်ဂနိုင်တွင်းမှာ ပန်းတစ်ခင်း ပျိုးခဲ့တယ် စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
မဲဇာမြိုင်ဂနိုင်တွင်းမှာ ပန်းတစ်ခင်း ပျိုးခဲ့တယ် စာအုပ်တွင် စာရေးသူ ပထမဦးဆုံး ကျောင်းဆရာ လုပ်ခဲ့သော ထီးချိုင့်မြို့နယ်၊ ဒင်ကြီးကျေးရွာလေးမှ ဆရာ/ဆရာမများ၊ ရွာသူရွာသားများ၊ ကျောင်းသူကျောင်းသားများ၏ စည်းကမ်းလိုက်နာ ပူးပေါင်းလုပ်ဆောင်မှုများ အကြောင်းကို ရသမြောက်စွာ ရေးသားထားသော ဥယျာဉ်မှူး ဆရာတော်၏ မှတ်တမ်းဖြစ်သည်။ တစ်ခေတ်တစ်ခါက အားနည်းနိမ့်ကျခဲ့သော ပညာရေးစနစ်အတွင်းမှ ဆရာစိတ်ရှိ လှစွာ စေတနာပါပါဖြင့် ကြိုးပမ်း လုပ်ဆောင်ခဲ့မှုများကို စာဖတ်သူတို့ အသိပညာရော၊ ရသပါ ပေးစွမ်းနိုင်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါ သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၆၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။