''ဇော်လွင်ဦး (ဟင်္သာတ)'' ရေးသားသည့် ''ယင်းနက်'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ဆရာဇော်လွင်ဦး၏ ''ယင်းနက်'' စာအုပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်ဆန်မြို့နယ်အတွင်း နေထိုင်ကြသော ယင်းနက်တိုင်းရင်းသား မျိုးနွယ်အကြောင်းကို ရှုထောင့်အစုံစုံမှ တင်ပြထားသည်ကို တွေ့ရပေသည်။ တိုင်းရင်းသားမျိုးနွယ်အနေဖြင့် လူဦးရေ ၅၀၀၀ ကျော်မျှသာ ကျန်ရှိတော့သည့် ဒေသဖြစ်သဖြင့် တိုင်းရင်းသားယဉ်ကျေးမှု ဖော်ထုတ်ရေးကိုလည်း အထောက်အကူပြုသည့် စာအုပ်ဖြစ်ကာ ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ လူနေမှုပုံစံတို့ကို ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းကို စာရေးသူက သုတေသနပြု တင်ပြထားသည်။ ရည်ညွှန်းကိုးကားချက်၊ ကိုယ်တိုင်သုတေသနပြု မေးမြန်းပြုစုချက်များနှင့်အကွ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုတို့၏ အကြောင်းကို ပြုစုခြင်းဖြစ်လေရာ စာဖတ်သူများအဖို့ သုတရသ ခံစားရရှိမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၃၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။