အိချို ရေးသားသည့် ရွှေပိတောက် စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ရွှေပိတောက် စာအုပ်တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းလက်အောက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ Institute Myanmar ၏ အကူအညီဖြင့် မိခင်နှင့်မွေးကင်းစ ကျန်းမာရေး စောင့်ရှောက်မှု ကြိုးပမ်းချက်များကို တင်ပြထားသည်။ ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ထောင်စုနှစ် ရည်မှန်းချက်များထဲမှ ရည်မှန်းချက် (၄) နှင့် (၅) ဖြစ်ကြသော မိခင်သေနှုန်း၊ ကလေးသေနှုန်းကျဆင်းရန် အမြဲအားသွန်ကြိုးပမ်းဆောင်ရွက် နေကြသော မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၏ လှုပ်ရှားမှုကို ရွှင်ပြသော တင်ဆက်မှုဖြင့် သရုပ်ပီပြင် ဖတ်ချင်စဖွယ် ရေးသားထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါ သည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၈၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။