''နွေးထွေး (ပုသိမ်ကြီး)'' ရေးသားသည့် ''ဘ၀ထိုထို ထန်းရိပ်ညို'' စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် ပခုက္ကူစာပေဆုပြိုင်ပွဲတွင် ကျမ်းစာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
''ဘ၀ထိုထို ထန်းရိပ်ညို'' စာမူသည် မြန်မာစာပေလောကတွင် ''ထန်း'' ကို အခြေခံသော စာအုပ်အချို့ ထွက်ပေါ်ခဲ့ဖူးသည်ဆိုသော်လည်း ယခုပြိုင်ပွဲဝင်စာမူမှာ တစ်မူထူးခြားသည်ဟု ဆိုရမည်ဖြစ်ပါသည်။
အညာကျေးလက်ပြည်သူတို့၏ ဘ၀ဖြတ်သန်းမှုနှင့် မကင်းနိုင်သော ထန်း၊ ထန်းနှင့် မကင်းနိုင် သော အခြေခံလူတန်းစားတို့၏ ဘ၀ပုံရိပ်များကို ထန်းပင်၏ အသုံးဝင်ပုံများ၊ လူသားများအပေါ် ထန်းပင်၏ အကျိုးပြုပုံများ၊ ထန်းနှင့် ဆက်နွှယ်သော လူ့ယဉ်ကျေးမှုများနှင့် ထန်းသမား၏ ထန်းစကား များနှင့် ''ထန်း'' ကို အခြေပြု၍ ဖွဲ့ဆိုထားသော ခေတ်အဆက်ဆက် စာဆိုအကျော်အမော်များ၏ကဗျာများ ရှာဖွေတင်ပြထားရာ ''ထန်း သုတ'' အလှများအကြားတွင် ''စာပေရသ'' အလှများကိုပါ ခံစားရရှိစေမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။
အဆိုပါစာအုပ်ကို
အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)
စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၀၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော်
သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊
မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ
စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ
စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း
ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။