စိုးမြင့်မောင် (သာရဝေါ) ရေးသားသည့် မုန်းခက် ပြုံးတစ်သက် စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုရှည် တတိယ ဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
မုန်းခက် ပြုံးတစ်သက်သည် ကျေးလက်အခြေခံ ဝတ္ထုဖြစ်သည်။ ကြက်တိုက်ဝါသနာကြီးသူ၊ ကြက်သမားတစ်ဦးနှင့် မေတ္တာမျှကာ အိမ်ထောင်ကျသော လယ်သူမကလေးနှင့် သူ၏မိသားစုကို ပင်တိုင်ထားပြီး ရေးဖွဲ့ထားသည်။ ကြက်ပွဲများ၏ သဘောသဘာဝနှင့် ဖြစ်တတ်သော ရန်ပွဲများအကြောင်းကို ခပ်ရွှင်ရွှင်ရေးသွားနိုင်သည်။ နောက်ဆုံးမကောင်းသော အကျိုးဆက်များကို ခံစားရကာ ဝါသနာကို စွန့်လွှတ်လိုက်သည်နှင့် အဆုံးသတ်ထားသည်။ ကျေးလက်သဘာ၀ ပေါ်လွင်ပြီး၊ အရေးအသားသွက်လက်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၉၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း ဈေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။