ထွန်းလှိုင် (မြိုင်) ရေးသားသည့် မထိုးတစ်ကျပ် ထိုးတစ်ကျပ် နှင့် ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါ သည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယ ဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
မထိုးတစ်ကျပ် ထိုးတစ်ကျပ် နှင့် ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်တွင် ဝတ္ထုတို ၂၃ ပုဒ် ပါဝင်သည်ကို တွေ့ရသည်။ စာရေးသူသည် တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ဇာတ်လမ်းအဖြစ် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ဆရာဝန် စာရေးဆရာ များက ဇာတ်လမ်းအသီးသီးရေးဖွဲ့ခဲ့ကြသော်လည်း ယခုကဲ့သို့ တိရစ္ဆာန်များ ဆေးကုရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကိုမူ ရေးဖွဲ့သူမရှိ သလောက်ပင် ဖြစ်ပါသည်။ ကိုယ်တွေ့ဖြစ်သဖြင့် ကလောင်နိုင်နင်းသော စာရေးသူ၏ ရေးသားချက်များမှာ ဆွဲဆောင်အား ကောင်းသော စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း ဈေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။