ရဲရင့်ကျော် ရေးသားသည့် သမုဒယ ဒီရေတော နှင့် အခြား၀တ္ထုတိုများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ၀တ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
သမုဒယ ဒီရေတော နှင့် အခြား၀တ္ထုတိုများ စာမူတွင် ၀တ္ထုတို ၉ ပုဒ် ပါဝင်သည်ကို တွေ့ရသည်။ ဖော်ပြထားသည့် ၀တ္ထုတိုများမှာ ရွေးချယ်ရေးအဖွဲ့ဝင်များ အနေဖြင့် ခေါင်းစဉ်ကို အဓိကဘဝင်မကျ ဖြစ်ရပါသည်။ ခေါင်းစဉ်ပြောင်းပေးလျှင် ရနိုင်သည်။ စာရေးသူ၏ ၀တ္ထုအများစုမှာ အစပိုင်းတွင် သေသေသပ်သပ် ချီလာသော်လည်း ဇာတ်သိမ်းပိုင်းများတွင် အဖျားရှူးသွားတတ်သည်ကို သုံးသပ်မိကြပါသည်။ သို့သော် ဆွဲဆောင်မှုရှိသည့် ၀တ္ထုတိုများလည်း ပါဝင်ခြင်း ကြောင့် ရွေးချယ်ခဲ့ ရသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၅၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။