အိအိမော် (ယဉ်ကျေးမှု) ရေးသားသည့် ကချင်ရိုးရာ အဆင်တန်ဆာဒီဇိုင်းများ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
ကချင်ရိုးရာ အဆင်တန်ဆာဒီဇိုင်းများ စာအုပ်တွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ကချင်မျိုးနွယ်များ၏ လူနေမှုဘ၀နှင့် ယဉ်ကျေးမှုဓလေ့ အထွေထွေ တို့ကို လက်လှမ်းမှီသမျှ ရှာဖွေတင်ပြပြီး ကချင်ရိုးရာ ရက်ကန်းဆိုင်ရာ အနုပညာမြောက် ဒီဇိုင်းများကို မီးမောင်ထိုး၍ တင်ပြထားခြင်း ဖြစ်သည်။ ကချက်နွယ်ဝင်တို့၏ အနုပညာလက်ရာမြောက် ဒီဇိုင်းများမှာ ပြည်တွင်း၌သာမက ပြည်ပအထိ ဖြန့်ကျက်ကျော်ကြား လူကြိုက်များလျက်ရှိပါသည်။ တိုင်းရင်းသားတို့၏ ရိုးရာ ရက်ကန်းဆိုင်ရာ ဒြပ်ရှိနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုများကို ရှာဖွေလေ့လာဖော်ထုတ် ထိန်းသိမ်းထားရှိ နိုင်ရန် လိုအပ်လျက်ရှိရာ ဤစာမူက ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးခြင်ဖြစ်သည်ဟု အကဲဖြတ် အဖွဲ့က သုံးသပ်မိပါသည်။ အရေးအသားပြေပြစ်သည်။ အကိုးအကား ခိုင်မာ ပြည့်စုံသည်။ ဓာတ်ပုံ၊ ရုပ်ပုံများ ဝေဝေဆာဆာ ဖော်ပြထားသောကြောင့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။