မောင် (မကွေး) ရေးသားသည့် လှေခွက်ချည်းကျန် အလံမလဲဟေ့ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
လှေခွက်ချည်းကျန် အလံမလဲဟေ့ စာအုပ်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှု သမိုင်းနောက်ခံပြဇာတ်ဖြစ်ပြီး ၁၈၈၅ခုနှစ် နိုဝင်ဘာလ ၁၇ ရက်ကို အခြေခံပြီး ထိုစဉ်က နယ်ချဲ့တို့ရန်ကို မင်းလှခံတပ်မှနေ၍ ကြံ့ကြံ့ခံ တွန်းလှန်သည့် ဖြစ်ရပ်မှန် အကြောင်းရပ်ကို ခိုင်မာသော အကိုးအထောက်များဖြင့် တင်ပြထားရာ ချင်းတိုင်းရင်းသားတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ဇာတ်လမ်းသဘောအရ အချစ်၊ အလွမ်း၊ စွန့်စားခန်း တို့ဖြင့် တင်ဆက်ထားသည်။ ဇာတိမာန် ထက်သန်စေသည့် ရည်ရွယ်ချက်ပါရှိသော်လည်း နောက်ခံတေးသီချင်းများနှင့် စပ်လျဉ်း၍ ချို့ယွင်းအားနည်းချက် အချို့ပါရှိသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။