• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ပြည်သူ့လက်စွဲစာစဉ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ပြည်သူ့လက်စွဲစာစဉ်
နွယ်နွယ်ဝင်း ရေးသားသည့် မြန်မာ့လွတ်လပ်ရေးမှတ်တိုင် ပြည်ခရိုင် (၁၉၂၀-၁၉၄၈) စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာအုပ်အမည် - နွယ်နွယ်ဝင်း ရေးသားသည့် မြန်မာ့လွတ်လပ်ရေးမှတ်တိုင် ပြည်ခရိုင် (၁၉၂၀-၁၉၄၈) စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

စာရေးဆရာအမည် - နွယ်နွယ်ဝင်း

တန်ဖိုး - ၇၀၀ကျပ်

စာညွှန်း -

နွယ်နွယ်ဝင်း ရေးသားသည့် မြန်မာ့လွတ်လပ်ရေးမှတ်တိုင် ပြည်ခရိုင် (၁၉၂၀-၁၉၄၈) စာအုပ်သစ် ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၂ဝ၁၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် နိုင်ငံရေးစာပေ တတိယ ဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ် အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်းဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးမှတ်တိုင် ပြည်ခရိုင် (၁၉၂၀-၁၉၄၈) စာမူသည် အခန်း ၃ ခန်း ခွဲခြား တင်ပြထားသည်။  အခန်း (၁) တွင် ၁၉၂၀ မှ ၁၉၃၀ အတွင်း ပေါ်ပေါက်ခဲ့သည့် ဝိုင်အမ်ဘီအေနှင့် ဂျီစီဘီအေ နိုင်ငံရေးလှုပ်ရှားမှုများ၊ ပြည်နှင့်ပေါင်းတည် ကွန်ဖရင့်ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက် များ၊ ၁၉၂၀ ပထမကျောင်းသားသပိတ်နှင့် အမျိုးသားကျောင်းများတွင် ပြည်ခရိုင်က ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးကြိုးပမ်းမှုများကို ဖော်ထုတ်ထား သည်။ အခန်း (၂) တွင် ၁၉၃၀ မှ ၁၉၃၉ အတွင်း ပေါ်ထွန်းခဲ့သည့် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ၊ တို့ဗမာအစည်းအရုံးနှင့် သခင်နိုင်ငံရေး လှုပ်ရှားမှုများ ၁၉၃၆  ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသားပိတ်နှင့် ၁၃၀၀ ရာပြည့် အရေးတော်ပုံတွင် ပြည်ခရိုင်က ပါဝင်ခဲ့သည့် ကဏ္ဍကို တင်ပြသည်။ အခန်း (၃) တွင် ၁၉၃၉ မှ ၁၉၄၈ အတွင်း တို့ဗမာအစည်းအရုံး၏ ဗြိတိသျှဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှု၊ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးနှင့် စစ်ပြီးခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုတို့တွင် ပြည်ခရိုင်က ပါဝင်ခဲ့သည့် နိုင်ငံရေးဆောင်ရွက်ချက်များကို ရေးဖွဲ့ထားပါသည်။

စာမူအကြောင်းအရာ Content ပိုင်း အားနည်းချက်တစ်ရပ်မှာ ပြည်ခရိုင်၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု (၁၉၂၀-၁၉၄၈) တင်ပြရာတွင် လွတ်တော် ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုကိုသာ တွေ့ရသည်။ လွှတ်တော်တွင်း နိုင်ငံရေးဟု ဆိုရမည့် ဒိုင်အာခီ၊ ၉၁ ဌာနလွှတ်တော်များတွင် ပြည်ခရိုင် လွှတ်တော် အမတ်များ၏ ဆောင်ရွက်ချက် အခန်းကဏ္ဍလုံး၀ ကွယ်ပျောက်နေခြင်းဖြစ်သည်။

စာမူရေးဖွဲ့တင်ပြပုံ Presentation တွင် အကြောင်းအရာ စီစဉ်ရွေးချယ်ပုံနှင့် အရေးအသား၊ အထောက်အထားတို့၌လည်း အားနည်းချက် အချို့တွေ့ရပါသည်။ သို့သော် စာမူတစ်စောင်လုံးကို ခြုံကြည့်ပါက စာရေးသူ၏ ကြိုးစားအားထုတ်မှုကို ထင်ထင်ရှားရှားတွေ့ရပါသည်။ ထို့ပြင် လိုအပ် သည့် ကျမ်းကိုးစာရင်း၊ တွေ့ဆုံမေးမြန်းမှု၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ အတိုမှတ်နှင့် မူရင်းအထောက် အထားများကို နောက်ဆက်တွဲအဖြစ် ဖော်ပြထားပါသည်။ အထူးသဖြင့် ပြည်ခရိုင်၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် လူသိနည်းသည့် သမိုင်းဆိုင်ရာ အချက်အလက်သစ်များ အတော်အတန် တွေ့ရပါသည်။

ရွေးချယ်ရေးအဖွဲ့ဝင်အားလုံးသည် စာရေးသူ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုခြင်း၊ ခေတ်စနစ်ပြောင်းလာသည်နှင့်အမျှ စာပေဗိမာန်စာမူဆု၊  နိုင်ငံရေးစာပေတိုးတက်ထွန်းကားရေးကို အားပေးလိုခြင်းများ ပါဝင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်မှ တန်ဖိုး ၇၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး နေပြည်တော် သပြေကုန်း စျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၄၁၄၆၈၁)၊ မန္တလေးမြို့  ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


ဆက်စပ် စာအုပ်များ
ရာမဦးအုန်းမောင်

ရာမဦးအုန်းမောင်

ပလ္လင်တံကဲ

ပလ္လင်တံကဲ

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ကိုယ်တိုင်ရေး ရောင်စုံပန်းချီကားတစ်ချပ်

ပြည်သူ့လက်စွဲစာစဉ်
 ပြည်သူ့လက်စွဲစာစဉ်

ပြည်သူ့လက်စွဲစာစဉ်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • သုတပဒေသာစာစောင်
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာပေဗိမာန်
  • စာကြည့်တိုက်
books
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    05-May-2025
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးသူ ညိမ်းညို၏ ‘စာမျက်နှာတချို့’ စာအုပ်ကို ဖြန့်ချိ

    05-May-2025
  • ၅-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၄) e-book ထွက်ရှိ

    02-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman