စာဖတ်ပရိသတ် တိုးပွားရန်နှင့် စာဖတ်သူများ အဖိုးနှုန်း ချိုသာစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်လျက် ၁၉၆၄ ခုနှစ်မှ စတင်တည်ထောင်လာခဲ့သည့် စာပေဗိမာန် စာအုပ်အသင်းသည် စာပေဗိမာန်စာမူဆု နှင့် ပခုက္ကူစာပေဆု ပြိုင်ပွဲများမှ ဆုရစာမူများကို ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေပြီး အသင်းဝင်များသို့ လစဉ်တစ်အုပ်စီ ဖြန့်ချိပေးပို့လျက် ရှိပါသည်။
ယခု ၂ဝ၁၇ ခုနှစ် မေလအတွက် အသင်းပေးစာအုပ်အဖြစ် ဦးထွန်းညို (ရန္တပို) ရေးသားသည့် စုစည်းရှာဖွေမန်လည်ဂန္ထဝင်စာပေ စာအုပ်ကို ဖြန့်ချိ လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါစာအုပ်သည် ၂၀၁၄ ခုနှစ် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ သုတေသနစာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ထိုစာအုပ်ကို တန်ဖိုး ၁၅၀၀ ကျပ်ဖြင့် ရောင်းချသော်လည်း အသင်းဝင်များ အတွက်မူ အသင်းဝင်သက်တမ်း အလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။
ရန်ကုန်မြို့မှ အသင်းဝင်များအနေဖြင့် စာပေဗိမာန်ရုံးသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲစာဖြင့် လာရောက်ထုတ်ယူကြရန်ဖြစ်ပြီး နယ်မှ အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံးများမှတစ်ဆင့် ဖြန့်ချိပေးလျက် ရှိပါသည်။
စာပေဗိမာန်စာအုပ်အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်လိုပါက နယ်မှ ဝင်ရောက်လိုသူများ သည် အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ၃ဝဝဝ ကျပ် ကို အတွင်းရေးမှူး၊ စာပေဗိမာန် စာအုပ်အသင်း၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ငွေပို့လွှာနှင့် နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူးတွဲ ပေးပို့၍လည်းကောင်း၊ ရန်ကုန်မြို့မှ အသင်းဝင်လိုသူများ သည် အဆိုပါလိပ်စာသို့ ကိုယ်တိုင်လာရောက် ဆက်သွယ်ပြီး အသင်းကြေး ကြိုတင်ငွေ အနည်းဆုံး ကျပ် ၃ဝဝဝ နှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် ပေးသွင်း၍လည်းကောင်း ဝင်ရောက် နိုင်ပါသည်။
စာပေဗိမာန် စာအုပ်အသင်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၁-၂၄၉ဝ၃၁ နှင့် ဝ၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။