ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၅)၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာအမျိုးသားကော်မတီ အမိန့် ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ရုံးတွင်းအမိန့်၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င)အရ ကြော်ငြာစာ မိုးမြင်းရ် ရက်ဆော့ (စ်)စစ် လီမီတက် (MOE MYINMOE RESOURCES LIMITED) အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ မြန်မာနိုင်ငံကမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁)အရ ကြော်ငြာစာ စထရင့် (သ်) ဆားဗစ်ဆက် (စ်) ကုမ္ပဏီလီမိတက် (STRENGTH SERVICES COMPANY LIMITED)၊ စထရင့် (သ်) ကွန်စထရပ်ရှင်း ကုမ္ပဏီလီမိတက် (STRENGTH CONSTRUCTION COMPANY LIMITED) ၊ ရွှေနဂါးညီနောင် ရွှေဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက် (GOLDEN DOUBLE DRAGON GOLD DEVELOPMENT COMPANY LIMITED)၊ FRITZ WERNER INDUSTRIE-AUSRUSTUNGEN GmbH (Yangon Branch) (ဆန္ဒအရဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င)အရ အပြီးသတ် နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ FGV Pho La Min Co., Ltd. (Incorporated in the Republic of the Union of Myanmar) (the "Company") Voluntary liquidation with the consent of the shareholders ၊ ပူးပေါင်းဆက်သွယ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Integrator Services Company Limited) မြန်မာနိုင်ငံ ကမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁)အရ ကုမ္ပဏီကို ဆန္ဒအဆလျောက် ဖျက်သိမ်းကြောင်း ကြောညာခြင်း၊ အယ်လ်စ်ကွမ်၊ ဟိုးလ်ဒင်းစ် (ရန်ကုန်ရုံးခွဲ) (တရားရုံးအမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) (မြန်မာနိုင်ငံ ကုမ္ပဏီများ နည်းဥပဒေအပိုင်း-၁၁၃)၊ Industrial and Commercial Bank of China Limited (Yangon Repuscutation Office) Final Meeting နောက်ဆုံးအစည်အဝေးဖိတ်ကြားခြင်း၊ SPRING LEAF TRADING LIMITED ၊ HTOO WAI AUNG GEMS & JEWELLERY COMPANY LIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။