• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”

စာအုပ်အမည် - “စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”

စာရေးဆရာအမည် - ထွဋ်ဦးဇေယျာ

တန်ဖိုး - ၄၅၀၀

စာညွှန်း -
“ထွဋ်ဦးဇေယျာ” ရေးသားသည့် “စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူ "ထွဋ်ဦးဇေယျာ" ၏ “စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် စာရူးပေရူးမလေး၊ စာအုပ်များနှင့် စကားပြောသူ၊ စာမှပေးသောအသက်၊ ပရဟိတမယ် စသည့် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်သည်။ ‘စာရူးပေရူးမလေး’ ဝတ္ထုတိုတွင် စာဖတ်ခြင်းသည် ဦးနှောက်ကို သွေးခြင်းဖြစ်ပြီး စာမဖတ် မသွေးလျှင် ဦးနှောက်သံချေးတက်သွားနိုင်ပုံ၊ စာပေဖတ်ရှုပြီး ဗဟုသုတတိုးပွား၊ အကျိုးအကြောင်းရှုမြင်ဆင်ခြင်နိုင်ခြင်းကြောင့် သနားစရာ ကလေးမလေးကို ကယ်တင်နိုင်ခဲ့ပြီး လူယုတ်မာကို ဖမ်းဆီးနိုင်ခဲ့ပုံ၊ ‘စာအုပ်များသည် မည်သည့် အခါမျှ ဆုံးရှုံးမှုပေးမည်မဟုတ်သော မိတ်ဆွေများဖြစ်သည်’ဟု ဇာတ်ဆောင် ခင်ပိုးမက ဒိုင်ယာရီမှာ ရေးထားသလို၊ စာရူးပေရူးမလေးဘဝခံယူကာ စာမျိုးစုံကို ဖတ်ရှုလေ့လာရင်း အခက်အခဲမျိုးစုံ၊ အန္တရာယ်မျိုးစုံကို ကူညီဖြေရှင်းပေးခဲ့ပုံများ၊ စာကြမ်းပိုးမလေး၊ ပရဟိတမယ်ဟူသော နာမည်ကို ခံယူကာ အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေပုံ၊ ‘မာတင်လူသာကင်း’ ၏ ‘ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ’ဟူသောစာပေစကားကြောင့် အသိပွားတရားရစရာ လက်သမားပုံပြင်ကလေး အပါအဝင် ဘဝဆိုသည်မှာ ကိုယ်တိုင်ထုဆစ်ထားသော လက်ရာဖြစ်သဖြင့် ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ကြစေချင်ကြောင်း၊ ‘ခေါင်းဆောင်ဆိုသည်မှာ စကားလုံးများနှင့် လေ့ကျင့်တည်ဆောက်၍မရ စိတ်နေသဘောထားနှင့် အလုပ်ဖြင့်တည်ဆောက်ရမည်’ ‘ကမ္ဘာ ကြီးဟာ စာအုပ်တစ်အုပ်ပါပဲ။ ကျွန်ုပ်တို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကျွန်ုပ်တို့အတွက် စာမျက်နှာသစ်တစ်ရွက်ပါပဲ’ ဟူသော စာဆိုတော်ကြီးများ၏ အဆိုအမိန့်များကို ဦးတည်ကာ လူငယ် ဝတ္ထုတိုလေးများအဖြစ်ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး  (၄၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊                       ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

ဆက်စပ် စာအုပ်များ
အိမ်မက်တစ်ရာ ကဗျာများ

အိမ်မက်တစ်ရာ ကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

အလှသစ်ချိန် ပန်းပွင့်ချိန် ကလေးကဗျာများ

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

တစ်ပွင့်စီဆိုင်သည့် ပန်းတခိုင်

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

စာပေဗိမာန်ထုတ် စာအုပ်များ
စာပေဗိမာန်ထုတ် စာအုပ်များ

စာပေဗိမာန်ထုတ် စာအုပ်များ

  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပြည်သူ့လက်စွဲစာစဉ်
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာအုပ်များ
  • စာမူများ
  • စာပေရေချမ်းစင်
  • ရွှေသွေး
books
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman