ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၆၉)၊ အမှတ် (၄၉)၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ကျောက်သွေးအောင် ကျောက်မျက် ကုမ္ပဏီလီမိတက် (Kyauk Thway Aung Gems Company Limited)၊ စိမ်းပန်းတော်ဝင် ကျောက်မျက် ကုမ္ပဏီလီမိတက် (Sane Pan Taw Win Gems Company Limited) နှင့် ဖူးပွင့်မြစိမ်း ကျောက်မျက် ကုမ္ပဏီလီမိတက် (Phuu Pwint Mya Seinn Gems Company Limited) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကိုအစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ အင်ကြင်း ထရေးဒင်း ကုမ္ပဏီလီမိတက် (Injynn Trading Company Limited) နှင့် မေတ္တာဦးကုမ္ပဏီလီမိတက် (Myittar Oo Company Limited) အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေးခြင်း၊ ဧရာ၀တီနှင့် ရှေးပြည်ထောင်များ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (Ayeyarwaddy And Kingdoms Travels Co., Ltd.) အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ U-Net Travel Agency Company Limited ဖျက်သိမ်းရန် ကြော်ညာချက်၊ ညီညွတ်သောအုပ်စုကမ်းလွန် ဆောင်ရွက်မှုများ လီမိတက် (Uniteam Offshore Solutions Limited) နှင့် ယူနီတီး(မ်)တိုး(စ်)အင်(န်)ထရယ်ဗဲ (လ်)(စ်)လီမိတက် (Uniteam Tours And Travels Limited)တို့ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရ ကုမ္ပဏီကိုဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၃၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။