ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၄)၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထဲရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာအမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (ဝန်ကြီးရုံး)အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန(ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် တားလ်ကွိုက်စ် အင်တာနေရှင်နယ် ဘီးစီးနက်စ် ဒီပလော့မန့် ကုမ္ပဏီလီမိတက် (TURQUOISE INTERNATIONAL BUSINESS DEVELOPMENT COMPANY LIMITED) နှင့် အိစ်တဲန် နယူးဆဲန်ကျူရီ ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် (Eastern New Century Holdings Co., Ltd.) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ကုမ္ပဏီဖျက်သိမ်းကြောင်းကြော်ငြာ အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက်ဖျက်သိမ်းခြင်း SHWE HLET MANUFACTURING CO., LTD.၊ တယ်လီမက်ချ် အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက် (Tele Match International Co., Ltd.) အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာချက်၊ MHL MYANMAR COMPANY LIMITED၊ TMA COMPANY LIMITED နှင့် PRECIOUS GEMS COMPANY LIMITED တို့၏ (ဆန္ဒအလျောက်ဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈(င)၊ ရင်းဝါကုမ္ပဏီ လီမိတက်(တရားရုံးအမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) (မြန်မာနိုင်ငံ ကုမ္ပဏီများ နည်းဥပဒေအပိုဒ်-၁၁၃)၊ စန်းကို့ (စ်) အင်နာဂျီကုမ္ပဏီလီမိတက် (Sun Coast Energy Co., Ltd.) အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Saigon Trading Group (Myanmar Representative Office) Voluntary Liquidation၊ MICASA HOTEL LIMITED Voluntary Liquidation with the consent of the Company တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။