ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၂)၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စု လွှတ်တော်ရုံး အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်အမှတ်၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ မြန်မာနိုင်ငံဆေးကောင်စီ အမိန့် ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နေပြည်တော် ကောင်စီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် IN THE MATTER OF THE MYANMAR COMPANIES ACT AND BMM COMPANY LIMITED NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) & CLAIMS NOTICE၊ ပိုင်မြင့်မိုရ် ကုမ္ပဏီလီမိတက် (အစုရှင်များဆန္ဒအရဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈ (င) အရ အပြီးသတ် နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ ကုမ္ပဏီဖျက်သိမ်းကြောင်းကြော်ငြာ အစုရှယ်ယာရှင်များ၏ ဆန္ဒ အလျောက်ဖျက်သိမ်းခြင်း THA PYAY NYO SERVICES CO.,LTD.၊ JADELAND CONSTRUCTION CO.,LTD.၊ စိန်ဖြိုး ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် (SEIN PHYO TRADING COMPANY LIMITED) နှင့် UNITED TYRE GROUP CO.,LTD.၊ ဂလိုဘယ်အိတ် ကုမ္ပဏီလီမိတက် Global - 8 Co.,Ltd. ကို အပြီးသတ် စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ EASY (MYANMAR) TRAVEL & TOUR COMPANY LIMITED နှင့် PLATINUM GENERAL SOLUTIONS COMPANY LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ ရွှေမြင်တင် ကုမ္ပဏီလီမိတက် (Shwe Myin Tin Company Limited) (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားစာ၊ ဘက်(စ်) ပရိုက်(စ်) ကုမ္ပဏီ လီမိတက် နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။