ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၁)၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမိန့်အမှတ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံဆေးကောင်စီ အမိန့်ကြော်ငြာစာ၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ တာ့(ချ်)ဝေး ဂါးမန်ပ မန်နူဖက်ချားရင်း ကုမ္ပဏီလီမိတက် (TOUGH WAY GARMENT MANUFACTURING COMPANY LIMITED) အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေးခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရ တော်ဝင်မျိုးကြည် သွင်းကုန်ထုတ်ကုန်လုပ်ငန်း ကုမ္ပဏီလီမိတက် (Taw Win Myo Kyi Import Export Company Limited)၊ စီဂျီအမ် မြန်မာရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (CGM Myanmar Trading Company Limited)နှင့် ဧရာ၀တီ မြစ်၀ကျွန်းပေါ် စက်မှုလုပ်ငန်းများ ကုမ္ပဏီလီမိတက် (Irrawaddy Delta Industries Company Limited) တို့ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒ အလျောက်ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ နီရိုလူးရှင်း (မြန်မာ) လီမိတက် (NEOLUTION (MYANMAR) LIMITED)၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈(င)အရ ကြော်ငြာစာ ဆန်းသုတ ကုမ္ပဏီလီမိတက် (SANN THU TA COMPANY LIMITED) အား အပြီးသတ် ဖျက်သိမ်းရန်အတွက် နောက်ဆုံး အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အစုရှယ်ယာရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ ပလူတွန် ကုမ္ပဏီလီမိတက် မြီရှင်များသို့သတိပေးချက်၊ ကုမ္ပဏီ ဖျက်သိမ်းကြောင်းကြော်ငြာ၊ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း THA BAR WA SHWE SAN EAI MANUFACTURING CO.,LTD.နှင့် CIRRUS TRAVELS & TOURS CO.,LTD.၊ Bank of India (Yangon Representative office) Notice of closure of representative office၊ COMPANY LIQUIDATION VOLUNTARY LIQUIDATION OF SEASON STAR COMPANY LIMITED တို့ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။