ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၀)၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၈ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ငါးလုပ်ငန်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတိုင်းရင်သား ဘာသာစကားဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် Notice Under Section 206 (1) IN THE MATTER OF THE MYANMAR COMPANIES ACT AND UTOUR TRAVEL COMPANY LIMITED ၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ-၂၀၈ (င)အရ ကြော်ငြာစာ WINDY CITY COMPANY LIMITED (ဝင်းဒီးစီးတီး ကုမ္ပဏီလီမိတက်) (အစုရှယ်ယာရှင်များ ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ ချယ်ရီရိုးမ သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီလီမိတက် (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) မြန်မာနိုင်ံကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈ (င)အရ နောက်ဆုံးအစည်းအဝေး၊ PEACE & PERFECT PRODUCTION CO.,LTD. ဖျက်သိမ်းရန် ကြေညာချက်၊ Thet Swe & Yamin Co., Ltd. (အစုရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ အာရှပစိဖိတ် သတ္တုရှာဖွေရေးနှင့်တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်၊ အာရှပစိဖိတ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ ထူးထက်လင်း ဂရု (ပ်)ကုမ္ပဏီလီမိတက်၊ MULTI LEVEL MARKETING NETWORK CO.,LTD နှင့် အောင်မြင့်ကြိုင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့၏ (အစုရှင်များ ဆန္ဒအရ ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်း အဝေးဖိတ်ကြားခြင်း၊ မြန်မာ ပိုလီမိုင်းနင်း ကုမ္ပဏီလီမိတက် (MYANMAR POLY MINING COMPANY LIMITED) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းပြီးစီးကြောင်း ကြောညာခြင်းနှင့် အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း တို့ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။