ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၂၉)၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (၀န်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးတွင်းအမိန့်၊
အပိုင်း (၄) တွင် IN THE MATTER OF THE MYANMAR COMPANIES ACT AND FUJITRANS CORPORATION (MYANMAR REPRESENTATIVE OFFICE) NOTICE FOR VOLUNTARY WINDING UP UNDER SECTION 206 (1) &CLAIMS NOTICE ၊ လွိုင်တိုင်း ကုမ္ပဏီလီမီတက် (LOI TAI COMPANY LIMITED)၊ ရှင်းရှင်းကြယ် ထုတ်လုပ်မှု ကုမ္ပဏီလီမီတက် (SHIN SHIN STAR PRODUCTION COMPANY LIMITED)၊ မေ့ (က်)ယူနောလစ် (ဂျ်) အေးဘဲ (လ်) (အမ်. ဝိုင်. ကေ) ကုမ္ပဏီလီမီတက် (MAKE YOU KNOWLEDGEABLE (M.Y.K) COMPANY LIMITED)၊ ကမ္ဘာ့အောင်မြင်အစမြန်မာ ကုမ္ပဏီလီမီတက် (WORLD GATEWAY MYANMAR COMPANY LIMITED)၊ မုတ္တမ တာဝါ ကုမ္ပဏီလီမီတက် (MOTTAMA TOWER COMPANY LIMITED)၊ ဂိုး (လ်) ဝှိ (ထ်) ကုမ္ပဏီလီမီတက် (GOLD WHEAT COMPANY LIMITED)၊ မြန်မာမာတာ ကုမ္ပဏီလီမီတက် (MYANMAR MARTA COMPANY LIMITED) နှင့် လွိုင်းယဲ (လ်) ဆိုဆိုက်ယဲကီး ဟဲ (လ်သ်) ဆားဗစ်ဆက် (စ်) အင်ဖော်မေးရှဲန်း (န်) ကုမ္ပဏီလီမီတက် (LOYAL SOCIETY HEALTH SERVICES INFORMATION CO.,LTD.) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေ အပိုဒ်-၁၁၃၊ ရပါတယ် ကုမ္ပဏီလီမီတက် တရားရုံးအမိန့်အရ စာရင်းရှင်းလင်း ဖျက်သိမ်းဆဲ၊ ဘွန်းဆိုးနစ် မြန်မာ ကုမ္ပဏီလီမီတက် (Bondsonic Myanmar Co.,Ltd.) အဆုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ပိတ်သိမ်းခြင်း၊
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။