ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၂၈)၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမိန့်ကြော်ငြာစာ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့် ကြော်ငြာစာ၊
အပိုင်း (၄) တွင် MC Projects Limited (Myanmar Branch) Voluntary Liquidation with the consent of the Head Office၊ Notice of Special Resolutions pursuant to section 206 (1) In the matter of the Myanmar Companies Act ''MIZON CO., LTD. (MYANMAR BRANCH)" (In Members Voluntary Winding-up)၊ Organo Gold (Myanmar) Co., Ltd. နှင့် K P I Co.,Ltd. တို့ကို အစုရှင်များဆန္ဒအလျောက် ဖျက်သိမ်းပြီးကြောင်း ကြေညာချက်၊ The Myanmar Companies Act ''LOTTE SHOPPING COMPANY LIMITED (MYANMAR BRANCH OFFICE)"၊ ရွှေအိမ်သန့် ကုမ္ပဏီလီမိတက် (SHWE EAIN THANT COMPANY LIMITED)၊ ဖားကန့်ရာဇာ ကုမ္ပဏီလီမိတက်၊ ကမ်းပါးနီသတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီလီမိတက်၊ ကမ်းပါးနီကုမ္ပဏီလီမိတက်၊ ကျောက်ကြီးကုန်း ကုမ္ပဏီလီမိတက် နှင့် လင်းရောင်ဖြာ ကုမ္ပဏီ လီမိတက်တို့ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင် ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။