ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် ၁၂ နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် မှ စတင်ထုတ်ဝေဖြန့်ချိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် (၅၁) နှစ်ပြည့်ခဲ့ပြီဖြစ်၍ (၅၁)နှစ်မြောက် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၀)ကို ထုတ်ဝေဖြန့်ချိလိုက်ပါသည်။
(၅၁)နှစ်မြောက် ရွှေသွေးဂျာနယ်အထူးထုတ် (၂၀၂၀)တွင် ကဗျာ၊ ပုံပြင်၊ ဝတ္ထု၊ သုတဆောင်းပါး၊ ဉာဏ်စမ်းကဏ္ဍများနှင့် ကာတွန်းဇာတ်လမ်းတို့ပါဝင်ပြီး သုတရသစုံလင်စွာ တင်ဆက်ထားပါသည်။ ကဗျာနှစ်သက်သူကလေးသူငယ်များအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထား သည့် ကဗျာ (၁၄) ပုဒ် ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် ကလေးများအတွက် သုတ၊ ရသများကို ဖော်ကျူးပေးထားသည့် ပုံပြင် (၅)ပုဒ်၊ ကလေးဝတ္ထုဇာတ်လမ်း (၆) ပုဒ်၊ သုတဆောင်းပါး (၃) ပုဒ်တို့နှင့် အတူ ကလေးများ၏ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမည့် ဉာဏ်စမ်းကဏ္ဍတို့လည်း ပါဝင်ပါသည်။
ကာတွန်းကဏ္ဍတွင် ကာတွန်းဆရာကြီးများဖြစ်ကြသော ကာတွန်းရွှေမင်းသား၊ ကာတွန်း တင်အောင်နီ၊ ကာတွန်းမြေဇာ၊ ကာတွန်းသစ်ထွဏ်း၊ ကာတွန်းမောင်မောင်လေး၊ ကာတွန်း ကိုရွှေထူး(ပြည်)၊ ကာတွန်းကျော်ထွဏ်း၊ ကာတွန်းမောင်ရွှေဝင်း၊ ကာတွန်းစမ်းချောင်းကိုကိုအောင်၊ ကာတွန်း ဝင်းဖေ(အဖျောက်)၊ ကာတွန်းအောင်အောင်ထွေး၊ ကာတွန်းစိုးဇော်၊ ကာတွန်းစိုးစံ၊ ကာတွန်းဆန်းလင်း၊ ကာတွန်းဇော်ဝိတ်၊ ကာတွန်းအီကွေတာ၊ ကာတွန်းမင်းကောင်းကို၊ ကာတွန်းရွှေရိုး၊ ကာတွန်းဒစ်ဂျစ်တယ်၊ ကာတွန်းမောင်ဗချီ၊ ကာတွန်းထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်)၊ ကာတွန်းဝင်းမြင့်အောင်၊ ကာတွန်းသီဟ(စခန်းသစ်)၊ ကာတွန်းသန့်စင်၊ ကာတွန်းကျော်တင်မြင့်သစ်၊ ကာတွန်းအောက်တိုဘာအောင်ကြီး၊ ကာတွန်းသာဦး၊ ကာတွန်းMGU၊ ကာတွန်းကိုသင်း၊ ကာတွန်း ကိုသက်ကြည်၊ ကာတွန်းသိက္ခာ၊ ကာတွန်းထွဏ်းဦး (စစ်ကိုင်း)၊ ကာတွန်းဆွေချစ်၊ ကာတွန်းဝင်းသဉ္ဇာမျိုး၊ ကာတွန်းမောင်မောင်ညှက်၊ ကာတွန်းသူရ၊ ကာတွန်းကိုကောင်း၊ ကာတွန်းပြုံးချို၊ ကာတွန်း ပေါ်လွင်ကျော်၊ ကာတွန်းဇက်တီနှင့် ကာတွန်းမောင်တင်ယုတို့၏ လက်ရာများကို စုံလင်စွာဖတ်ရှု ခံစားနိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ နာမည်ကျော် ကာတွန်းလက်ရာကျော်ဆရာများ၏ လက်ရာကောင်းလက်ရာမွန်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည်ဖြစ်သည့်အပြင် အခြားစိတ်ဝင်စားဖွယ် ဝတ္ထု၊ ပုံပြင်၊ ကဗျာ များကိုလည်း ဖတ်ရှုနိုင်မည့် (၅၁) နှစ်မြောက် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၀)စာအုပ်ကို တန်ဖိုး ၃၃၀ဝိ/- ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စာပေဗိမာန်အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။