ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတေ်၀ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတေ်၀လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ ရက် (စနေနေ့) တွင် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၄၄) ထွက်ရှိမည်ဖြစ်ပါသည်။
၎င်းဂျာနယ်တွင် ငွေကြေးကို တန်ဖိုးရှိရှိသုံးစွဲတတ်စေရန် မျက်နှာဖုံးဇာတ်လမ်းဖြင့် ပညာပေးထားပါသည်။ ထို့အပြင် အိမ်လည်သူ ကိုရွှေဘဲနှင့် ထောင့်စေ့အောင်ခိုင်းတတ်သော ရွှေဘဲမတို့၏ နှစ်မျက်နှာဇာတ်လမ်း ကိုလည်း ဖတ်ရှုရမည်ဖြစ်ပြီး ဘိုးသက်ရှည်လိပ်၏ အသက်ရှည်ရခြင်း လျှို့၀ှက်ချက်ကိုလည်း ဖတ်မှတ်ရမည် ဖြစ်ပါသည်။ စိုင်ကော်၍ ချုံပေါ်ရောက်သွားသည့် ကံထူးသူ ဟာသဇာတ်လမ်းလည်း ပါရှိပါသည်။
ရွှေသွေးသုတကဏ္ဍတွင် သားပိုက်ကောင်လေးများ၏ ထူးခြားသဘာ၀ဖြစ်စဉ်နှင့် ကမ္ဘာပေါ်တွင် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိရစ္ဆာန်လေးများအကြောင်းကိုလည်း ဗဟုသုတဖြစ်ဖွယ်တင်ဆက်ထား ပါသည်။ ထို့နောက် ယနေ့ခေတ်အချိန်အခါတွင် အလှူလှူရာ၌ အမှတ်တမဲ့နှင့် မသိမသာ ပြုမိလာသော မကောင်းသည့် အပြုအမူကို သတိထားရှောင်ရှားတတ်ရန်နှင့် အလှူလှူတတ်စေရန် ကလေး၀တ္ထုကဏ္ဍတွင် သင်ခန်းစာပေးထားပါသည်။
ယခုတစ်ပတ်တွင် ရွှေသွေးေ၀ါဟာရကဏ္ဍ၌ 'n' ဖြင့် အစပြုသော ပြုမူဆောင်ရွက်ပုံကြိယာအမျိုးမျိုးကို ဖတ်မှတ် လေ့လာရင်း ကလေးများအင်္ဂလိပ်စော၀ါဟာရ တိုးပွားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာကြောင်း၊ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ကြောင့် ၀မ်းနည်းရပါကြောင်း အင်္ဂလိပ်လိုပြောဆိုပုံကိုလည်း ရွှေသွေးစကား၀ိုင်းကဏ္ဍတွင် လေ့လာမှတ်သားနိုင်ပြီး 'သဒ္ဒါမတတ် စာမတတ်' မဖြစ်စေရေးအတွက် အခြေခံ အင်္ဂလိပ်သဒ္ဒါ ကျွမ်းကျင်မှုရှိစေရန် Had ၏ အသုံးအမျိုးမျိုးကိုလည်း တင်ဆက်ထားသဖြင့် ကလေးများ တစ်ပတ်တစ်မျိုး မရိုးအောင်ဖတ်ရှုရမည်ဖြစ်ပါသည်။
(၂၉-၁၀-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ၀ယ်ယူ ရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅၀ိ/- ဖြစ်ပါသည်။