မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကို ဖွဲ့စည်းတည်ထောင်ရန် ကြံဆခဲ့ကပင် ပညာရှင်များက မြန်မာ့ စွယ်စုံကျမ်းထုတ်ဝေရန် စဉ်းစားခဲ့ကြသည်။
စာအုပ်များကြည့်ရှုရန် »စာပေဗိမာန်ပြည်သူ့လက်စွဲစာစဉ်များကို ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ တွင် စတင်ထုတ်ဝေခဲ့သည်။ ပြည်သူလူထုအတွက် စာပေဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဝိဇ္ဇာ၊ သိပ္ပံ ယဉ်ကျေးမှု လူမှုရေးဝတ္ထု ကဗျာ နှင့် ကလေးသူငယ်ဆိုင်ရာ စာပေများပါဝင်သော အကြောင်းအရာများကို လက်စွဲအိတ်ဆောင်စာအုပ် အဖြစ် လစဉ်သုံးအုပ်ခန့် ထုတ်ဝေနိုင်ခဲ့သည်။
စာအုပ်များကြည့်ရှုရန် »အသက် ၁၂နှစ် ဝန်းကျင်ရှိ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ စာပေဗဟုသုတပြည့်စေရေးနှင့် လိမ္မာရေးခြားရှိစေရေး ရည်ရွယ်ချက်ဖြင့် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် အတွဲ (၁)၊ အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့သည်။
စာအုပ်များကြည့်ရှုရန် »ကမ္ဘာနိုင်ငံအသီးသီးတွင် ထုတ်ဝေသော စာပေများထဲမှ တိုးတက်ခေတ်မှီသော ပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေးအမြင်၊ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများ၊ စာဖတ်ပရိတ်သတ်နှင့် ပြည်သူများ၊ သိသင့်သိထိုက်သည့် ကောင်းနိုးရာရာ အကြောင်းအရာများကို ရွေးချယ်ဖော်ပြပေးလျက်ရှိသည်။ သုတပဒေသာ စာစောင်ကို ၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အတွဲ (၁)၊ အမှတ် (၁)ကို စတင် ထုတ်ဝေခဲ့သည်။
စာအုပ်များကြည့်ရှုရန် »