အသက် ၁၂နှစ် ဝန်းကျင်ရှိ မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများ စာပေဗဟုသုတပြည့်စေရေးနှင့် လိမ္မာရေးခြားရှိစေရေး ရည်ရွယ်ချက်ဖြင့် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် အတွဲ (၁)၊ အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့သည်။ မူလက မြန်မာဘာသာဖြင့်သာ ထုတ်ဝေခဲ့သော်လည်း ကျောင်းသားလူငယ်များ အင်္ဂလိပ်စာ သင်ယူ လေ့လာနိုင်စေရန်အတွက် ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ထုတ်မှစတင်၍ ရွှေသွေးကို မြန်မာဘာသာဖြင့်တစ်စောင် အင်္ဂလိပ်ဘာသာဖြင့်တစ်စောင် သီးခြားစီခွဲ၍ထုတ်ဝေခဲ့သည်။ ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ်မှစ၍ အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ယခင်က ရွှေသွေးဂျာနယ်ကို ၁၂ မျက်နှာသာ ထုတ်ဝေခဲ့ရာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ထုတ် ရွှေသွေးဂျာမယ်အတွဲ (၄၁) အမှတ် (၃၆) မှစ၍ ၁၆ မျက်နှာသို့ တိုးမြင့်ထုတ်ဝေခဲ့သည်။