• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၈ - ၄ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၄) ထွက်ရှိ

၈ - ၄ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၄) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၄) ၌ ငှက်ကလေးများကို လေးခွဖြင့် ပစ်ခဲ့မိသောကြောင့် သူ၏ မျက်လုံးများ မမြင်ရတော့ သည့်အဖြစ်ကို ကလေးများအား ပြောပြထားသည့်အကြောင်း တင်ဆက်ထားသည့် “တန်ပြန်သက်ရောက်မှု” မျက်နှာဖုံးကာတွန်း၊ အတတ်ပညာနှင့် ကျွမ်းကျင်မှု၏ အ‌ရေးပါပုံအကြောင်းကို တင်ဆက်ထားသည့် “အမေပြောသော ပုံပြင်များ” နှစ်မျက်နှာကာတွန်း၊ မိမိရည်မှန်းချက် ပန်းတိုင်ရောက်ရှိရန် စိတ်ကူးထက် လက်တွေ့ကြိုးစားရမည့်အကြောင်းကို တင်ဆက်ထားသည့် “စိတ်ကူးနဲ့ လက်တွေ့” တစ်မျက်နှာကာတွန်း၊ အမေက အိမ်အလုပ်များခိုင်းသည်ကို မလုပ်ချင်ဘဲ ပျင်းနေသည့် သားကို ပညာပေး၍ ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “ပျင်းရင်းနဲ့ ဖျင်း”နှစ်မျက်နှာကာတွန်း၊ ခြံထဲသို့ သူခိုးဝင်ခိုးသည်ကို ခွေးလေး၏ ကျေးဇူးကြောင့် အချိန်မီ သိရှိသွားသည့် အကြောင်း တင်ဆက်ထားသည့် “ခွေးကလေးပါစီ-မှားပါတယ်” နှစ်မျက်နှာကာတွန်း၊ နန်းဝတ်နန်းစားနှင့် လာခေါ်
သည့် အိပ်မက်ကို နိမိတ်ကောင်းပြီး ပီပီအီးဝတ်စုံနှင့် လာမခေါ်ရန်အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုစိုက်သင့်သည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။

တန်ခူးလတွင် ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အကြောင်း၊ မြန်မာလူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့လှသည့် ဓလေ့စရိုက်များ၊ အလှူဒါနများ ပြုလုပ်ပုံနှင့် နှစ်သစ်ကို အတာပန်းများဖြင့် ကြိုဆိုပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “တန်ခူးလနှင့် သင်္ကြန်ပွဲ” အကြောင်း သုတကဏ္ဍ၊ အိမ်ခြံဝင်းထဲမှ ခြံထွက်သီးနှံများကို ရောင်းချကာ ရရှိသည့်ငွေကြေးဖြင့် အလှူဒါနများ ပြုလုပ်သည့်အကြောင်း ရေးသားထားသည့် “အလှူ ဒါနပြုကြမယ်” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းနှစ်ယောက် အလုပ်ရှာရန် ထမင်းထုပ်များဖြင့် ခရီးထွက်လာခဲ့ရာ ညအချိန် အမှောင်ထဲတွင် ထမင်းစားနေစဉ် တစ်ယောက်နှင့် တစ်ယောက် လက်ချင်းဆုံ၍ မေးမြန်းပြောဆိုထားပုံများအကြောင်း ရေးသားထားသည့် “ငပြူးနှင့် ငပြဲ” ပုံပြင်ကဏ္ဍ၊ သင်္ကြန်တွင် ပိတောက်ပန်းများ ဝါထိန်အောင်ပွင့်ပုံ၊ ဘုရားဆင်းတုတော်များကို ရေသပ္ပာယ်ပုံ၊ ငါးသက်စေ့လွှတ်ပုံ၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးပုံနှင့် ဥပုသ်သီလ
ဆောက်တည်ကြပုံများအကြောင်းကို ရေးဖွဲ့ထားသည့် “သင်္ကြန်ပွဲတော်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

တက္ကသိုလ်မှာ မိမိသင်ယူလိုသည့် ဘာသာရပ်အတန်းသို့ တက်ရောက်ရန် စာရင်းသွင်းသူက သိရှိလိုသည်များကို မေးမြန်းပြီး တစ်ဖက်က ပြန်လည်ဖြေကြားထားသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • စာပေရေချမ်းစင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman