ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂) အမှတ် (၉) ၌ သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထားကာ ကူညီလုပ်ဆောင်ပေးပါက မိမိတွင် အခက်အခဲရှိလာသောအခါ အကူအညီရနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့်"အပြန်အလှန်'' မျက်နှာဖုံး ဇာတ်လမ်း၊ အမြှောက်ကြိုက်သော သူဌေးကြီးနှင့် အကြွေးကို အချိန်မီ ပြန်မဆပ်နိုင်သော လယ်သမားတို့၏ အဖြစ်ကို ဟာသမြောက်အောင် ရေးဖွဲ့ထားသည့် “အမြောက်ကြိုက်သူ’’ နှစ်မျက်နှာကာတွန်း၊ အလွန် တုံးအလွန်းသော မောင်မောင်တုံး၏အဖြစ်ကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် "ညီပု" တစ်မျက်နှာ ကာတွန်း၊ မည်သည့်ကိစ္စကိုမဆို သူတစ်ပါးအပြောဖြင့်သာ မဆုံးဖြတ်ဘဲ မိမိကိုယ်တိုင်ကြုံတွေ့မှုအပေါ် မူတည်ကာ အကောင်းအဆိုးကို ဆုံးဖြတ်သင့်ပုံအကြောင်းကို သရုပ်ဖော်ထားသော ‘ငပွကြီးနှစ်ကောင်’ နှစ်မျက်နှာဇာတ်လမ်းနှင့် ခွေးကို အလွန်ချစ်သော အာဘွားနှင့် သူ့အစ်ကိုတို့၏ အဖြစ်ကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် ‘နှုတ်ဆက်လိုက်ပြီ" တစ်မျက်နှာဇာတ်လမ်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံအချို့အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ် ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ပင်ကီ၏ ဒုက္ခရောက်နေသော ငှက်ကလေးကို ကူညီလိုက်ခြင်းကြောင့် ဝမ်းသာကြည်နူးစိတ် ဖြစ်ရပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဆေးရောင်လှလှခြယ်ကြရအောင်ကဏ္ဍနှင့် ကျေးဇူးရှင်တောင်သူဉီးကြီးများအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာရေးဖွဲ့ထားသည့် ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် to-infinitive phrase ၏ အသုံးပြုပုံအမျိုးမျိုးနှင့် ပတ်သက်၍ ပြန်လှန်လေ့ကျင့်ခန်းအချို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ¬¬¬၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။