ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂) အမှတ် (၄၀) ၌ ကိုရိုနာဗိုင်းရတ် (COVID-19) ကူးစက်နိုင်မှုကို နှာခေါင်းစည်းတပ်ခြင်း၊ လက်သန့်ဆပ်ပြာသုံးခြင်းဖြင့် ကာကွယ်ုနိုင်ပုံအကြောင်းကို ပညာပေးတင် ဆက်ထားသည့် “မောင်တီထွင် ကိုဗစ်-၁၉ ဂိမ်း” မျက်နှာဖုံးကာတွန်း၊ သစ်ပင်စိုက်ပျိုးရာ၌ မိုးရေ တစ်ပေါက်၏ တန်ဖိုးကြီးမားပုံကို တင်စားရေးဖွဲ့ထားသည့် “ရေတစ်ပုံး မိုးတစ်ပေါက်” နှစ်မျက်နှာ ကာတွန်း၊ သူတစ်ပါးကို ကူညီစောင့်ရှောက်ပါက မိမိ၌လည်း အကူအညီပြန်လည်ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “ဖိုးဇွဲ” နှစ်မျက်နှာကာတွန်း၊ ယခင်ကထက် လိမ္မာလာသော စိန်မျောက်မျောက်ကို ဝေဖန်နေကြသော သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်- လိမ္မာပြန်တော့” နှစ်မျက်နှာကာတွန်းနှင့် သွားတိုက်ဆေးဘူးကို ဖျစ်လိုက်မိ သော ဘယ်ကျော်၏ ဉာဏ်ကောင်းပုံကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့အပါအဝင် ကလေးတို့ပေးပို့သော လက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကာတွန်းတို့ကိုပါ တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကိုရိုနာဗိုင်းရတ် (COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်နိုင်သော နည်းလမ်းအချို့ကို ကလေးတို့ ဗဟုသုတရဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ကလေးတို့စိတ်ထဲတွင် အနည်းငယ်သောအမှားဟုသာ ထင်မြင်ယူဆကာ ပြုလုပ်မိသောအရာများ သည် နောင်လူကြီးဖြစ်သည်အထိ အကျင့်ပါသွားနိုင်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ပေးထားသောပုံထဲတွင်ပါဝင်သော ရုပ်ပုံလေးများကို ငယ်စဉ်ကြီးလိုက် နံပါတ်စဉ်တပ်ပေးနိုင်မည့် “ဉာဏ်စမ်းကဏ္ဍ” ကိုလည်း ကလေးတို့အတွက် တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍအနေဖြင့် နေ့စဉ်ပြောဆိုနေသော အကြောင်းအရာအချို့၏ စကားအသုံး အနှုန်းများကို “English Daily Conversation” ခေါင်းစဉ်ဖြင့် တင်ဆက်ထားသည့် “ရွှေသွေး စကားဝိုင်း” နှင့် လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တင်ဆက် ထားသည့် ရုပ်ပြအဘိဓာန်တို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ဖုန်း-၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။