ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတေ်၀ရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက် စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၃၁)၌ လူနာမည်ရွှေထုပ်ကို ပစ္စည်းရွှေထုပ်ဖြင့် ထင်ယောင်ထင်မှား ဖြစ်မိပုံအကြောင်းကို ရေးဖွဲ့ထားသည့် “တာတေနှင့် ရွှေထုပ်ပျောက်မှု” မျက်နှာဖုံးကာတွန်း၊ ထီပေါက်ချင်သော စိတ်ဆန္ဒပြင်းပြမှုကြောင့် ထီအမှန်တကယ်ပေါက်သကဲ့သို့ အိမ်မက်မက်ပုံ အကြောင်းကို ရေးဖွဲ့ထားသည် “ထီပေါက်စဉ်” နှစ်မျက်နှာကာတွန်း၊ စိန်ပေါက်ပေါက်၏ ပြင်ဦးလွင်မြို့သို့ ခရီးသွားအတွေ့အကြုံအကြောင်းကို သူငယ်ချင်းများအား ပြန်လည်ပြောပြနိုင်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်-ပြင်ဦးလွင်ခရီး” နှစ်မျက်နှာကာတွန်း၊ သတ္တ၀ါတိုင်းတွင် ၎င်းတို့၏ပင်ကိုယ်အစွမ်းအစများကို ကိုယ်စီပိုင်ဆိုင်ထားကြကြောင်းကို ရေးဖွဲ့ထားသည့် “အစွမ်းအစ” နှစ်မျက်နှာကာတွန်းနှင့် မိခင်စကားကို မလိုက်နာမိရာက ဖျားနာမှုဖြစ်ရသော သားငယ်အကြောင်းကို ရေးဖွဲ့ထားသည့် “မေမေနဲ့သားသား” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကလေးတို့အနေဖြင့် မိုးရာသီအချိန်တွင် လျှပ်စီးအန္တရာယ်မှ ကင်းဝေးရန် သတိပြုနေထိုင်သင့်ပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ သူတစ်ပါးအပေါ်တွင် မလိုမုန်းထား စိတ်ဖြင့် မကောင်းကြံမိရာက မိမိတွင် ဘေးဒုက္ခနှင့်ကြုံတွေ့ရပုံအကြောင်းကို တင်ဆက်ထား ပါသည်။ ဒါ့ပြင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ Call Center များ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း အသိပေးထားသည့် ကျန်းမာရေးအသိပေး ချက်ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ၀ါကျအတွင်း Phrasal Verb အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။