• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
(၄-၇-၂၀၂၀) ရက်ထုတ် ရွှေသေွးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂၇) ထွက်ရှိ

(၄-၇-၂၀၂၀) ရက်ထုတ် ရွှေသေွးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂၇) ထွက်ရှိ

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်  အတွဲ(၅၂)၊ အမှတ်(၂၇)၌ ရုပ်အဆင်းအလှအပထက် စိတ်ထားလှခြင်းက လူကိုပို၍လှပစေကြောင်း ရေးဖွဲ့ထားသည့် “အလှ” မျက်နှာဖုံးကာတွန်း၊ ကျောင်းသားလေး ပေါက်ကျော်သည် ပညာရေးမှူးအား သူ၏နာမည် မိတ်ဆက်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပေါက်ကျော်ပါဝင်သည့် ဆရာကြီး” နှစ်မျက်နှာဟာသကာတွန်း၊ ကလေးတို့အနေဖြင့် ပညာသင်ကြားနေသည့်အရွယ်တွင် ကျောင်းသင်ခန်းစာများအပြင် မြန်မာ့ရိုးရာ သိုင်းပညာကိုပါ သင်ကြားထားသင့်ပုံအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ဆုရတီအောင်- လျှော့မတွက်နဲ့” နှစ်မျက်နှာကာတွန်းနှင့် တိရစ္ဆာန်လေးအပေါ် သနားကြင်နာတတ်သည်ဆိုသော ညီပုအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ညီပု” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် သတိပြုလိုက်နာအပ်သော နီတိများအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ်ပါသည်။  ပုံပြင်ကဏ္ဍအနေ ဖြင့် လူစွမ်းကောင်းပြိုင်ပွဲတွင် နွားကျောင်းသားလေး မောင်လမ်းက အနိုင်ရရှိသွားပုံအကြောင်းကို ပညာပေးတင်ဆက်ထားပါသည်။  ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ Call Center များ ဖွင့်လှစ်ထားရှိပုံအကြောင်းကို တင်ဆက်ထားသည့် ကျန်းမာရေးဆိုင်ရာ အသိပေးချက် ကဏ္ဍ၊ ပေးထားသောရုပ်ပုံများထဲတွင် မတူညီသော အချက်များကို ကလေးတို့ လျင်လျင်မြန်မြန် ရှာဖွေနိုင်မည့် “ဘယ်သူမျက်စိပိုလျင်သလဲ”ကဏ္ဍနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ် တားဆီးနိုင်ရန် အတွက် လိုက်နာကျင့်သုံးရမည်ဖြစ်သော အချက်အချို့အကြောင်းကို သရုပ်ဖော်ပုံများနှင့်အတူ တင်ဆက်ထားသည့် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ပါ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ဝါကျအတွင်း Verbs with Preposition အသုံးနှင့်ပတ်သက်၍ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မီးငှက်တစ်ကောင်ရဲ့ ခြင်္သေ့လည်ပြန်”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာအုပ်များ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
books
  • ၂၃ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄) ထွက်ရှိ

    22-Jan-2021
  • ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလထုတ် အတွဲ (၄၇)၊ အမှတ် (၉) သုတပဒေသာစာစောင် (e-Book)

    21-Jan-2021
  • ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် အသင်းပေးစာအုပ်အဖြစ် “တောင်တွင်းကိုရင်ဩ” ရေးသားသည့် “မီးငှက်တစ်ကောင်ရဲ့ ခြင်္သေ့လည်ပြန်” စာအုပ် ဖြန့်ချိ

    21-Jan-2021
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2021 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links