ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂၅) ၌ သူတစ်ပါး၏ အားနည်းချက်ကို အနိုင်ယူတတ်သောအမူအကျင့်ကို ပြင်တော့မည် ဖြစ်ကြောင်း နောင်တတရားများနှင့် ရေးဖွဲ့ထားသည့် “ဖူးလေးရဲ့ နောင်တ” မျက်နှာဖုံးကာတွန်း၊ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြုမူနေထိုင်သင့်ပုံအကြောင်းကို ကလေးများ လိုက်နာချင်စဖွယ် သရုပ်ဖော်ရေးဖွဲ့ထားသည့် “COVID-19 ကာကွယ်ရေး” တစ်မျက်နှာကာတွန်း၊ အမြဲတမ်းလိုလို တလွဲပြောတတ်လွန်းသော ကိုရိုးအကြောင်းကို ရေးဖွဲ့ထားသည့် “သဲတွေဖြစ်နေပြီ” နှစ်မျက်နှာဟာသကာတွန်း၊ COVID-19 ရောဂါအကြောင်းကို ရေးဖွဲ့ထားသည့် “တာတေနှင့် COVID-19” တစ်မျက်နှာဟာသကာတွန်းနှင့် လူကြီးမိဘများ ဆိုဆုံးမသည်ကို မလိုက်နာသည့် မျောက်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “လောဘ” နှစ်မျက်နှာ ကာတွန်း၊ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ စဉ်းစာဆင်ခြင်ကာ လုပ်ဆောင်သင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ပုံပြင်ကဏ္ဍအနေဖြင့် သူတစ်ပါးအပေါ် စိတ်ကောင်စေတနာထားကာ ပေါင်းသင်းဆက်ဆံပေးပါက မိမိတွင်လည်း ကောင်းကျိုးရှိနိုင်ပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ကလေးတို့ မိုဉီးကျအချိန် တွင် တွေ့မြင်ရလေ့ရှိသော သဘာဝမြင်ကွင်းများအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် “မိုးဉီးကျချိန်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျများအတွင်း v-ing phrase (gerund) နဲ့ infinitive phrase တို့၏ အသုံးနှင့် ပတ်သက်၍ ဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်စေရန် တင်ဆက်ထား ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။