ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၂)၊ အမှတ်(၂၀)၌ သတိအလွန်မေ့တတ်သော ကိုကိုနှင့် သူ၏အဖေအကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ကိုကို ညီညီ” မျက်နှာဖုံးကာတွန်း၊ ရွှေပိုး၏ သူတစ်ပါးအပေါ် အထင်သေးနှိမ့်ချပြုမူ ပြောဆိုမိရာက နောင်တရကာ နောင်တွင် ထိုကဲ့သို့ အမှားမပြုလုပ်မိစေရန် မိမိကိုယ်မိမိ သတိပြုမိပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ရွှေပိုး- လျော်ကြေး” နှစ်မျက်နှာကာတွန်း၊ မရိုးမသားပြုမူ ပြောဆိုမှုတိုင်းတွင် အမှန်တရားသည် တစ်နေ့နေ့၌ ပေါ်လာမည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “မရိုးသားသောသူ” နှစ်မျက်နှာကာတွန်း၊ လပတ်စာမေးပွဲရလဒ်များကို သိရှိသွားသော ရွှေရွှေယုန် အကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေရွှေယုန်၏ ရမှတ်များ” တစ်မျက်နှာကာတွန်းနှင့် အစာလည်းဆေး ဆေးလည်းအစာဟူသောအဆိုမှာ မှန်ကန်ကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး’’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ထူးခြားငှက်အမျိုးအစား တချို့အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည်ဖြစ် ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် စာကြည့်တိုက်ကို ခေါ်လာပေးသော သူငယ်ချင်းညီညီနှင့် စာစောင်ဖတ်ရန် စာစောင်ရွေးပေးသော စာကြည့်မှူးတို့အပေါ် ကျေးဇူးတင်မိသော မောင်ထွေး အကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ပေးထားသောရုပ်ပုံများတွင် ကလေးတို့ ကိုယ်တိုင် အရောင်လေးများကို ခြယ်သနိုင်မည့် ဆေးရောင်လှလှခြယ်ကြရအောင် ကဏ္ဍနှင့် လူတိုင်းစိတ်ထား ဖြူစင်စွာ ပြုမူနေထိုင်တတ်စေရန် ကျင့်ကြံနေထိုင်ရမည်ဖြစ်ကြောင်းကို သရုပ်ဖော်ပုံများဖြင့် ပညာပေးရေးဖွဲ့ထားသည့် ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် လက်မှုပညာပစ္စည်းအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းပြောဆိုပုံ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။