• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
(၉- ၅- ၂၀၂၀) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၉) ထွက်ရှိ

(၉- ၅- ၂၀၂၀) ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၉) ထွက်ရှိ

တန်ဖိုး - ၂၅၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၉) ၌ လှူဒါန်းမှုအမျိုးအစားအလိုက် ရရှိနိုင်သော စေတနာအကျိုးကျေးဇူးများအကြောင်းကို တင်ဆက် ထားသည့် “လှူဒါန်းခြင်း အကျိုး’’ မျက်နှာဖုံးကာတွန်း၊ သစ်ပင်စိုက်ခြင်းသည် ဘဝနေထိုင်မှုတွင် ကြည်နူး ပျော်ရွှင်စေသော ပီတိကို ပေးစွမ်းပုံအကြောင်း ရေးဖွဲ့ထားသည့် “ဖိုးသန့်လေး” နှစ်မျက်နှာကာတွန်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါက မလိုလားအပ်သော ဆိုးကျိုးများဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “စေတနာကံအကျိုး” နှစ်မျက်နှာကာတွန်း၊ တစ်ပါးသူနှင့် ယှဉ်ပြိုင်ရာတွင် ကောင်းသောဘက်မှသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းကို သရုပ်ဖော်ထားသည့် “ဖူးငယ်နှင့် ပြူးကျယ်’’ တစ်မျက်နှာကာတွန်းနှင့် လက်ကို သန့်ရှင်းအောင် ဂရုတစိုက်ဆောင်ရွက်ပေးပါက ရောဂါအလွယ်တကူ မကူးစက်နိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် ‘‘အုပ်စိုးခန့်  Covid- 19 ကာကွယ်ရေး’’ တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကလေးတို့အတွက် ကျောင်းပညာရေးတွင် နည်းပညာစနစ်ကို ပေါင်းထည့် သင်ကြား ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် လူတို့သည် နေရာကိုလိုက်၍ လောဘ၊ မောဟစိတ် ရှိတတ်ကြပြီး မတော်လောဘစိတ် ဖြစ်မိပါက ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို သတိပြုမိစေရန် တင်ဆက်ထားပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ Call Center များ ဖွင့်လှစ်ထားရှိပုံအကြောင်း ‘‘ကျန်းမာရေး အသိပေးချက်’’ ကဏ္ဍနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရစေရန် သတိပြုဆင်ခြင်ပြီး လိုက်နာကျင့်သုံးအပ်သော ကျန်းမာရေးပညာပေးချက်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် V-ing အသုံးနှင့် ပတ်သက်၍ ဝါကျတည်ဆောက်ပုံ အမျိုးအစားများကို ကလေးတို့လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊   အမှတ် (၅၂၉-၅၃၁)၊   ကုန်သည်လမ်း၊   ရန်ကုန်မြို့၊   ဖုန်း ၀၁-၃၈၁၄၄၈၊  ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မီးငှက်တစ်ကောင်ရဲ့ ခြင်္သေ့လည်ပြန်”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (အတည်ပြုအဆင့်) အစည်းအဝေး ကျင်းပ

    04-Sep-2019
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    30-Nov-2018
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေး ကျင်းပ

    16-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    06-Nov-2018
  • တစ်ပတ်အတွင်းရောင်းအားအကောင်းဆုံးစာအုပ်စာရင်းနှင့် တစ်ပတ်အတွင်းအသစ်ထွက်ရှိသောစာအုပ်စာရင်း

    21-Nov-2017
  • ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်စာပေ အဖွဲ့ငယ် အစည်းအဝေးကျင်းပ

    31-May-2017
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • စာပေဗိမာန်
  • ပြည်သူ့လက်စွဲစာစဉ်
  • စာကြည့်တိုက်
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
  • အရောင်းဌာန
books
  • ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလထုတ် အတွဲ (၄၇)၊ အမှတ် (၉) သုတပဒေသာစာစောင် (e-Book)

    21-Jan-2021
  • ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် အသင်းပေးစာအုပ်အဖြစ် “တောင်တွင်းကိုရင်ဩ” ရေးသားသည့် “မီးငှက်တစ်ကောင်ရဲ့ ခြင်္သေ့လည်ပြန်” စာအုပ် ဖြန့်ချိ

    21-Jan-2021
  • ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ

    19-Jan-2021
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2021 Sarpay Beikman - ALL RIGHTS RESERVED

Powered By Myanmar Links