ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၆) ၌ စိတ်သဘောထားရိုးသားပြီး သူတစ်ပါးအပေါ် ကူညီတတ်ေသာ စိတ်စေတနာရှိြခင်းသည် မိမိတွင်လည်း ကောင်းကျိုးများ ရရှိခံစားရပုံအကြောင်း ရေးဖွဲ့ထားသည့် “မင်္ဂလာသင်္ကြန်’’ မျက်နှာဖုံးကာတွန်း၊ ကိုရိုနာဗိုင်းရပ်စ်မကူးစက်စေရန် ကြိုတင်ကာကွယ်တားဆီးနိုင်သော ကျန်းမာရေး ဆိုင်ရာ လိုက်နာနိုင်မည့် နည်းလမ်းများအကြောင်း တင်ဆက်ထားသည့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့” တစ်မျက်နှာကာတွန်း၊ အရသာရှိသော စားစရာတစ်မျိုးကို ဖန်တီးပေးနိုင်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ကျောက်ခေတ်ကမ္ဘာ’’ တစ်မျက်နှာကာတွန်းနှင့် စေ့စပ်သေချာစွာ တွေးတောဆင်ခြင်နိုင်စွမ်းရှိသော ဉီကောင်းအား မင်းကြီးက အမတ်ရာထူးခန့်အပ် လိုက်ပုံအကြောင်း ရေးဖွဲ့ထားသည့် ‘‘အမြော်အမြင်’’ နှစ်မျက်နှာကာတွန်းနှင့် ညီပုသည် သူစားချင်နေသော မာလကာသီးကို စားလိုက်ရသောကြောင့် ကျေနပ်နေမိပုံအကြောင်း ရေးဖွဲ့ထားသည့် ‘‘ညီပု’’ တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် နိုင်းမြစ်ဝှမ်းရှိ အီဂျစ်လူမျိုးတို့၏ နေထိုင်စားသောက်ပုံအကြောင်းကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ငှက်ကလေးများကို အစာကျွေးရန် ငှက်စာစင်ကလေးကို ကူညီဆောက်လုပ်ပြီးနောက် ပီတိဖြစ်နေသော ရှင်းရှင်း၏အဖြစ်ကို ရေးသားထားပါသည်။ ထို့ပြင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးရောဂါ မကူးစက်စေရေး ကြိုတင်ကာကွယ်ရန် အရေးကြီးကြောင်း ရေးဖွဲ့ထားသည့် ကဗျာကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် နည်းပညာတိုးတက်မှုအကြောင်းနှင့် ပတ်သက်၍ မိမိသိရှိထားသော နည်းပညာ၏ အရေးပါမှုအကြောင်း အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျ တည်ဆောက်ပုံအချို့ကို ကလေးတို့လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက
တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်
(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-
၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။