ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အသက် (၁၂) နှစ် အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၄၉)၊ အမှတ် (၄၀)၌ ကလေးများမကောင်းမှုကို မပြုလုပ်ကြရန်နှင့် ရှောင်ရှားကြရန် မျက်နှာဖုံး ဇာတ်လမ်းကို ဟာသနှော၍ တင်ဆက်ထားပါသည်။ ကလေးများ မိမိထက်အကြီးများ လုပ်ကိုင်ကြသည်ကို အတုခိုးတတ်ပုံနှင့် အားလပ်ချိန်တွင် ကလေးများနှင့် မသင့်လျော်သော နေထိုင်မှုတို့ကို ရှောင်ရှား၍ မိမိအတွက်အကျိုးရှိမည့် ဗဟုသုတရသောစာပေများ ကို ဖတ်သင့်ပုံနှစ်မျက်နှာ ဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ရွှေသွေးသုတကဏ္ဍတွင် ကလေးများ စည်းကမ်းကို သိနားလည်ပြီး တန်ဖိုးထားတတ်စေရန်နှင့် စေတနာ၊ မေတ္တာနှင့် အသိပညာပြည့်၀စေရန် တင်ပြ ထားပြီး ကလေး၀တ္ထုကဏ္ဍတွင် မိမိပြုလုပ် လိုက်သော မကောင်းမှုသည် အနည်းငယ်သာဖြစ်၍ သူတစ်ပါးမသိဟု ထင်ရသော်လည်း ထိုမကောင်းမှုက မိမိတွင် ချက်ချင်းမကောင်းကျိုးပေးတတ်ကြောင်းကို ကလေးများသတိပြု ဆင်ခြင်နိုင်စေရန် တင်ဆက်ထားပါသည်။ ထို့ပြင်ကလေးများ ဗဟုသုတ တိုးပွားစေရန် အောက်တိုဘာလအတွင်း ထူးခြားထင်ရှားနေ့ရက်များကိုလည်း ဗဟုသုတရဖွယ် တင်ဆက် ပေးထားပါသည်။ ကလေးများပျော်ရွှင်စွာဖြင့် အရုပ်များကို ဆေးရောင်ခြယ်သနိုင်မည့် ဆေးရောင် လှလှခြယ်ကြမယ် ကဏ္ဍကိုလည်း ထည့်သွင်းထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများအတွက် လွယ်ကူပြီးအသုံး၀င်သော ပြုမူဆောင်ရွက်ပုံ ကြိယာ အချို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားဝိုင်း ကဏ္ဍတွင် "Useful Expressions" ခေါင်းစဉ်ဖြင့် ရာသီဥတုအပါအ၀င် အခြားအနှောင့်အယှက်များရှိသော်လည်း မိမိဆောင်ရွက်ရန် ရှိသည့် ကိစ္စကို ပြီးမြောက်အောင်လုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်၍ လုပ်ဆောင်ရာ၌ သုံးနှုန်းပြောဆိုပုံတို့ကို ဖော်ပြထားပြီး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် "Thing" ၏ သဒ္ဒါ စည်းမျဉ်းဆိုင်ရာ အသုံးပြုပုံ အမျိုးမျိုးကို ဖော်ပြထားရာ ကလေးများအင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာမည် မှာ အမှန်ပင် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။