ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၉) ၌ မိမိတို့၏ ပတ်၀န်းကျင်ရှိ မြေလွတ်မြေရိုင်းများကို နှစ်ရှည် သစ်ပင်များစိုက်ပျိုး၍ ပတ်၀န်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်း သင့်ကြောင်း တင်ဆက်ထားသည့် မျက်နှာဖုံးဇာတ်လမ်း ပါ၀င်ပါသည်။ နှစ်မျက်နှာဇာတ်လမ်းတွင် ကလေးများ မိမိဝါသနာပါရာ အတတ်ပညာကို စိတ်အားထက်သန်စွာ ကြိုးစားလေ့ကျင့်သင်ယူသင့်ပုံနှင့် အရာရာတွင် သူတစ်ပါး ကိုသာ အားကိုးမနေဘဲ မိမိ၏ဆင်ခြင်ဉာဏ်ဖြင့် လုပ်ဆောင်သင့်ပုံ ဇာတ်လမ်းလေးများကို တင်ဆက်ထားပါသည်။
မြန်မာစာစကားဝိုင်းကဏ္ဍတွင် ကမ္ဘာ့ဆရာများနေ့ဆိုင်ရာ စာစီစာကုံးရေးသားခြင်းနှင့် ပတ်သက်၍ ဝိုင်းဖွဲ့ပြောဆိုဟန် ရေးဖွဲ့ထားပါသည်။ ကလေးပုံပြင် ကဏ္ဍတွင် သားသမီးများသည် မိဘများကိုသာ အားမကိုးဘဲ မိမိတို့တတ်နိုင်သမျှ ကူညီလုပ်ကိုင်သင့်ပုံကို အတုယူဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ရုပ်ပုံနှစ်ခုသည် ရုတ်တရက် ကြည့်လိုက်ပါက တူညီသည်ဟု ထင်ရသော်လည်း စေ့စပ်သေချာစွာ ကြည့်ရှုပါက မတူကွဲပြားသည့်အချက်များကို တွေ့ရှိရမည့် ရှာဖွေလေလေ တွေ့ရှိလေလေ ကဏ္ဍကို ကလေးများမျက်စိလျင်လျင်ဖြင့် စနစ်တကျကြည့်ရှုတတ်စေရန် ထည့်သွင်းထားပါသည်။ ကလေးများ ပျော်ရွှင်စွာဆောင်ရွက်နိုင်စေရန် စက္ကူခေါက်များဖြင့် ကြက်တူရွေး ပုံလေးရရှိနိုင်ရန် ဖန်တီးပုံအဆင့်ဆင့်ကို တင်ပြထားပါသည်။
ရွှေသွေးအင်္ဂလိပ်စာကဏ္ဍတွင် ကလေးများ ဝေါဟာရကြွယ်၀စေရန် ဖတ်မှတ်လေ့လော ေါဟာရ ကမ္ဘာကဏ္ဍတွင် 'plant' နှင့်ပတ်သက်၍ ေ၀ါဟာရ ကွဲလေးများကို ဖော်ပြပေးထား ပါသည်။ အင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် 'Useful Expressions' ခေါင်းစဉ်ဖြင့် အခြေအနေ၊ အကြောင်းအရာနှင့် အဓိပ္ပာယ်အလိုက် ပြောဆိုသုံးနှုန်းရမည့် စကားအသုံးအနှုန်းများကို လည်းကောင်း၊ ရွှေသွေး အင်္ဂလိပ်သဒ္ဒါကဏ္ဍတွင် 'Think' ၏ အသုံးပြုပုံအမျိုးမျိုးကို လည်းကောင်း တင်ဆက်ထားရာ ကလေးများ အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ိ/-ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။