ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၃ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၄၉)၊ အမှတ် (၃၈)၌ ရာဇ၀တ်မှုကျူးလွန်သူများသည် အပြစ်ဘေးမှ ရှောင်လွှဲ၍ မရနိုင်ပုံကို ဖော်ပြသည့် မျက်နှာဖုံးဇာတ်လမ်းနှင့် စည်းကမ်းရှိရန် ဖော်ညွှန်းထားသောဆောင်ပုဒ်များသည် စည်းကမ်းမဲ့သူအတွက်သာဖြစ်ကြောင်းနှင့် ကလေးများ အချိန်ကိုအလဟဿမဖြုန်းတီးဘဲ အကျိုးရှိရှိ အသုံးချ တတ်ရန် လိုအပ်ကြောင်းကို တင်ပြထားသည့် နှစ်မျက်နှာဇာတ်လမ်းတို့ ပါ၀င်ပါသည်။
ရွှေသွေးသုတကဏ္ဍာတွင် ကလေးများဗဟုသုတရရှိစေရန် ဦးပိန်တံတားအကြောင်း ဖော်ပြထားပြီး သတ္တဝါလေးများအပေါ် သနားကရုဏာထားသင့် ကြောင်းကို ကလေး၀တ္ထုကဏ္ဍတွင် ဖော်ပြထား ပါသည်။ ကလေးများ ပျော်ရွှင်စွာဖြင့် ရုပ်ပုံလေးများကို ဆွဲသားနိုင်ရန် ဆွဲသားပုံ အဆင့်ဆင့်ကို ဖော်ပြ ထားသည့် ကာတွန်းအဆင့်ဆင့်ဆွဲကြမယ်ကဏ္ဍကို ထည့်သွင်းထားပြီး ကလေးများဉာဏ် ထက်မြတ်စေရန်နှင့် လျင်မြန်ဖျတ်လတ်စေရန် ဘယ်သူမျက်စိ ပိုလျင်သလဲကဏ္ဍတို့ကို ထည့်သွင်း ထားပါသည်။
အင်္ဂလိပ်စာကဏ္ဍတွင် ကလေးများအတွက်အသုံး၀င်မည့် ပြုမူဆောင်ရွက်ပုံကြိယာအချို့ကို တင်ဆက်ထားပါသည်။ ရွှေသွေးအင်္ဂလိပ်စကားဝိုင်းကဏ္ဍတွင် "Useful Expressions" ခေါင်းစဉ်ဖြင့် အကြောင်းအရာနှင့် အခြေအနေကိုလိုက်၍ ပြောဆိုသုံးနှုန်းပုံအချို့နှင့် အင်္ဂလိပ်သဒ္ဒါ ကဏ္ဍတွင်Thing ၏ အသုံး၀င် ပုံအမျိုးမျိုးကို ထည့်သွင်းဖော်ပြထားရာ ကလေးများအင်္ဂလိပ်စာ အရည်အသွေးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။