ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၉)၊ အမှတ် (၃၀) ၌ ဖိုးချွန်းနှင့် ဝိတ်ပေါတို့ပါ၀င်သော မုဆိုးသိက္ခာမကျမည့်နည်းလမ်း လေးမျက်နှာမျက်နှာဖုံးဇာတ်လမ်း၊ စာနာစိတ်ထားနှင့် တန်ပြန် အကျိုးပေးနှစ်မျက်နှာဇာတ်လမ်း နှင့် လောဘကြီး၍ခံစားရသောအပြစ်ဒဏ် နှစ်မျက်နှာပညာပေးဇာတ်လမ်းများ၊ လိပ်နိုင်သည့်ရာသီ တစ်မျက်နှာဟာသ ဇာတ်လမ်းစသည်တို့ကို ဖတ်ရှုကြရမည်ဖြစ်ပါသည်။
သုတရသကဏ္ဍတွင် ကလေးတို့ဆော့ကစားကြသည့် အိုးပုတ်များကို အပြိုင်အဆိုင်ရောင်းချသည့် အိုးပုတ်ပွဲတော်အကြောင်း၊ မျက်မှောက်ကာလ၌ တွင်တွင်ကျယ်ကျယ်သုံးနေကြသည့် လူမှုရေး ကွန်ရက်ဖေ့စ်ဘွတ်ခ်ကို စတင်ပူးတွဲတည်ထောင်သူ မာ့ခ်ဇူကာဘတ်အကြောင်းတို့ကို ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ အပြင်ပန်းသဏ္ဍာန်ကိုကြည့်၍ ခင်မင်မည်ဆိုလျှင် မှားယွင်းမည် ဖြစ်ကြောင်းကို သူ့နေရာသူ့တန်ဖိုးဖြင့် ကလေး၀တ္ထု ကဏ္ဍတွင် ဖော်ကျူးထားပါသည်။ ဖျော်ဖြေရေး ကဏ္ဍအနေဖြင့် လယ်ယာထွက်သီးနှံများနှင့် ယာသမားကြီးတစ်ဦး၏ ပုံတူနှစ်ပုံတွင် ကွဲလွဲချက် (၁၀) ချက်ရှာ ရန်နှင့် ချစ်စရာမျောက်ကလေးမျက်နှာပုံ စက္ကူခေါက်ကဏ္ဍ များပါ၀င်ပါသည်။
ကလေးတို့အင်္ဂလိပ်စာ အရည်အသွေးတိုးတက်စေရန် ယခုတစ်ပတ်တွင် စ ဖြင့်စသော ပြုမူ ဆောင်ရွက်ပုံ ကြိယာအချို့ကို နမူနာဝါကျများ၊ သရုပ်ဖော်ပုံ များဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြော ကောင်းမွန်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် တစ်စုံတစ်ခုသည် မိမိအတွက် အရေးမကြီး၍ အဆင်ပြေကြောင်း ပြောဆိုပုံများကို ''saying that something is not important to you and other expressions" ခေါင်းစဉ်ဖြင့် တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာနှင့် စကားကိုပိုမိုနားလည်သဘောပေါက်စေရန် အထောက်အကူပြုသည့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ တွင် stop ၏ အဓိပ္ပာယ်၊ အသုံးအနှုန်း နှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံများကို နမူနာ ဝါကျများ၊ လေ့ကျင့်ရန် ဝါကျများဖြင့် ပြည့်ပြည့်စုံစုံတင်ဆက်ထားရာ ကလေးများ နှစ်ခြိုက်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅ဝိ/-ကျပ် နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁ ၃၈၁၄၄၈၊ ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။