ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၇ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၀) ၌ သပြေစမ်းရွာတွင် ဝက်ဝံအယောင်ဆောင်၍ ရွာသားများအား ခြောက်လှန့်သည်ကို ဖိုးချွန်း၊ ဝိတ်ပေါတို့က ဖမ်းဆီးပေးပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် မုဆိုးစုံထောက်” မျက်နှာဖုံးကာတွန်း၊ ကစားသန်သော ချက်စူ၏အဖြစ်ကို ဟာသမြောက်အောင် ရေးဖွဲ့ထားသည့် “ချက်စူရဲ့ မြွေချစ်သူ” နှစ်မျက်နှာကာတွန်း၊ ခြေလေးချောင်းကို မစားသော ရွှေပိုးနှင့် ဂွတို၏ အမေတို့အဖြစ်ကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ခြေလေးချောင်းရှောင်တဲ့ ရွှေပိုး” တစ်မျက်နှာကာတွန်း၊ ကျန်းမာ သန့်ရှင်းပြီး ရောဂါကင်းဝေးစေရန် အမှိုက်များကို စနစ်တကျစွန့်ပစ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ရိုးရိုးလေး၏ သန့်ရှင်းကျန်းမာ” နှစ်မျက်နှာကာတွန်းနှင့် ချုံတောမြက်တောများထဲတွင် ကစားခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း ရေးဖွဲ့ထားသည့် “ရာဇာနှင့် စိမ်းလဲ့ပါဝင်သည့် ပြောသားပဲ” တစ်မျက်နှာ ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် မြင်းကျားများ၏ အပြေးသန်ပုံကိုအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ရေရှားပါးသော အညာဒေသ၏ ရေရှားပါးချိန် ဒုက္ခဖြစ်ရပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် dot to dot ကဏ္ဍနှင့် အမြဲပြုံးနေသော ဖိုးဝရုပ်ကြီးကို နေအိမ်များတွင် ဆောင်ထားကြပုံ သံစဉ်ကဗျာကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ဖန်တီးနိုင်စွမ်းရှိသော လူပုဂ္ဂိုလ်တစ်ဉီးအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်မေးမြန်းပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။