• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၉ - ၉ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၆) ထွက်ရှိ

၉ - ၉ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၃၆) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၃၆)၌ အိမ်စောင့်ထားခဲ့ရာမှ ဆပ်ပြာတုံးကို လှေထွင်းကာ ဆော့ကစားသော ဉာဏ်ကောင်းသည့် တူးနိုင်အကြောင်းကို ရေးဖွဲ့ထားသည့် “ဆပ်ပြာလှေ” မျက်နှာဖုံးဇာတ်လမ်း၊ အပေါင်းအသင်းများအပေါ် အနိုင်ကျင့်၍ မိမိတစ်ကောင်တည်း အဖော်မဲ့စွာ နေထိုင်သွားရသော ကျားကြီး အကြောင်းကို ရေးဖွဲ့ထားသည့် “မိတ်ဆွေစစ်” နှစ်မျက်နှာကာတွန်း၊ နေမကောင်း၍ အပြင်ထွက်မရ ဖြစ်ရာမှ လှောင်အိမ်ထဲတွင် ထည့်သွင်းမွေးမြူထားခြင်းခံရသော ကြက်တူရွေးလေးကို ကိုယ်ချင်းစာကာ လွတ်လပ်မှုပေးလိုက်သော ပုပုအကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် ပျံပါစေတော့” နှစ်မျက်နှာ ကာတွန်း၊ အသက်အရွယ်ကြီးလာ၍ ကြွက်မခုတ်နိုင်တော့သော ကြောင်အိုကြီးကို အပြစ်မတင်ဘဲ ငယ်ရွယ်စဉ်အခါက သခင်အတွက် လုပ်ကိုင်ပေးခဲ့သည်များကို ပြန်သတိရသင့်ကြောင်း သင်ခန်းစာရဖွယ် တင်ဆက်ထားသည့် “ပြန်သတိရပါ” နှစ်မျက်နှာကာတွန်း၊ အားလပ်ချိန်၌ မိဘများ၏ အိမ်အလုပ်ကို ကူညီလုပ်ကိုင်ပေးသင့်ပုံနှင့် မိမိ၏ ကျောင်းစာကိုလည်း ကြိုးစားသင်ယူသင့်ပုံတို့ကို တင်ဆက်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် ညီညီ ကျောင်းမတက်သည့်အကြောင်းကို ဖိုးလုံးတို့သူငယ်ချင်း နှစ်ယောက်ပြောဆိုနေပုံကို ရေးဖွဲ့ထားသည့် “နေမကောင်းဘူးလို့” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

ကလေးများအနေဖြင့် စီးပွားရေးလုပ်ဆောင်ချက်များအကြောင်းကို လေ့လာနိုင်ရန် ကစ်ဒီနောမစ် ခေါင်းစဉ်ဖြင့် ဗဟုသုတရဖွယ် တင်ဆက်ထားပါသည်။ ကလေးများအနေဖြင့် ငယ်ရွယ်စဉ်အခါ၌ ပညာကို ကြိုးစားသင်ယူသင့်ပုံအကြောင်း တင်ဆက်ထားသည့် “အလင်းတစ်စက် လင်းလျက်သာ” ဝတ္ထုနှင့် သိုးရေခြုံကာ သိုးများကို ကိုက်ဖြတ်စားသောက်နေသော မြေခွေးသည် နောက်ဆုံး၌ ခြင်္သေ့ကြီး၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံခဲ့ရပုံကို တင်ဆက်ထားသည့် “ရိုးတဲ့သိုးနဲ့ ဆိုးတဲ့မြေခွေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သ နိုင်မည့် “ဆေးရောင်လှလှခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် ကလေးများအနေဖြင့် ပညာကို ရည်မှန်းချက် ထားကာ ကြိုးစားသင်ယူသင့်ကြောင်း တင်ဆက်ထားသည့် “ရည်မှန်းချက်”  ကဗျာတို့ကို တင်ဆက်ထား ပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာအနေဖြင့် သူငယ်ချင်းကို ညစာစားပွဲဖိတ်ကြားပုံကို ပုံစံအမျိုးမျိုးနှင့် ရေးသားတင်ဆက်ထားသည်ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“မြန်မာတို့၏ နိုင်ငံရေးခရီးလမ်းမကြီးနှင့် ငြိမ်းချမ်းရေးမှတ်တိုင်များ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • အခမ်းအနားများ
  • အရောင်းဌာန
  • စာအုပ်များ
  • စာကြည့်တိုက်
  • ရွှေသွေး
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာမူများ
books
  • ၂၁ - ၆ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၅) ထွက်ရှိ

    20-Jun-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    19-Jun-2025
  • ၁၄-၆-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၄) e-book ထွက်ရှိ

    16-Jun-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman